❦ TWO ❦

7.3K 733 29
                                    

ပိတ်​ရက်​​ရတာနှင့်​ မိဘအိမ်​ဆီ ပြန်​​လေ့ရှိတဲ့ ဆယ်​ဟွန်း
ကြောင့်​ သူတို့နှစ်​ဦးသား အလည်​အပတ်​ထွက်​ခဲ့ကြ၏ ။ မာမီကလဲ အမြဲတ​စေဖုန်းဆက်​ပြီး အိမ်​ကိုလာခဲ့ဖို့
အလည်​အပတ်​​ခေါ်တတ်​​ပေမဲ့ ရုံးပိတ်​ရက်​မှမဟုတ်​ရင်
သူနဲ့ဆယ်​ဟွန်းလဲ  သွားဖို့အဆင်​မ​ပြေလှ  ။ လက်​ထပ်
ပြီး  အလည်​အပတ်​ခရီးစဉ်​က​နေပြန်​လာပြီးထဲက အလုပ်​ပုံထဲ​ခေါင်းနစ်​သွားတဲ့  ဆယ်​ဟွန်း​ကြောင့်​လဲ
မိဘအိမ်​ကို​တောင်​  ​ခြေဦးမလှည့်​ဖြစ်​ကြ ။ ပိတ်​ရက်
ရောက်​တာနဲ့ပဲ  သူတို့နှစ်​ဦးသား  အလည်​အပတ်​ထွက်
ခဲ့ကြသည်​   ။ 

" လာကြပြီ   လာကြပြီး  အားရီးဂူး  မျက်​နှာ​လေး
တောင်​  ​ချောင်​ကျသွားသလားပဲ   ။ ဒီ​ကောင်​ ငါ့က​လေးကို  အလုပ်​​တွေအရမ်းခိုင်း​နေတာလား ? ။"

မင်​​ဆော့ဆိုရင်​  သဲသဲကဲကဲလှုပ်​တတ်​တဲ့  မာမီဟာ
မင်​​ဆော့၏ပါးနှစ်​ဖက်​အား  လက်​ဖဝါး​တွေကြားထဲ
ထည့်​လို့.  အပူပန်​ကြီးပူပင်​​နေပြန်​၏  ။ တည့်​လဲတည့်
ကြတဲ့ သားအမိ​တွေ  ။  မာမီ၏သားက သူမဟုတ်​ဘဲ
မင်​​ဆော့သာ  ။ သဲသဲကဲကဲပိုလွန်းလှတဲ့  မာမီကို
သူနှင့်​မင်​​ဆော့  ကြည့်​ကာ ပြိုင်​တူရယ်​လိုက်​ကြ၏  ။
မင်​​ဆော့လက်​ကိုတွဲလို့ အိမ်​တွင်းဝင်​သွားတဲ့ မာမီရဲ့
နောက်​ကို  ဆယ်​ဟွန်းမှာဝယ်​လာတဲ့ပစ္စည်းထုပ်​​တွေကို
ဆွဲလို့ တပြုံးပြုံးနှင့်​လိုက်​သွား​လေသည်​    ။

"  မာမီရဲ့သား​လေး  လာမယ်​မှန်းသိလို့ မုန့်​​တွေလဲ
လုပ်​ထားတယ်​  ။ အကြိုက်​ဆုံးဟင်း​တွေလဲ ပြင်​ထား
တယ်​  ။  ဒီ​နေ့ အိမ်​မှာညအိပ်​သွားရမယ်​​နော်​ မင်းတို့ "

မင်​​ဆော့သည်​လဲ  အပြုံးတပွင့်​မျက်​နှာထက်​ချိတ်​ဆွဲလို့
မာမီရဲ့အလိုကျ  ​ခေါင်းညိတ်​ပြ​လိုက်​​လေ၏ ။ ​ဆယ်​ဟွန်းက လက်​ထဲကပစ္စည်းထုပ်​​တွေကို ဦး​လေးချို
အား  လွှဲ​ပြောင်း​ပေးလိုက်​ပြီး မင်​​ဆော့နဲ့မာမီ၏ မျက်​နှာ
ချင်းဆိုင်​  ဆိုဖာမှာ  ဝင်​ထိုင်​လိုက်​​လေသည်​  ။ ပြုံးပြုံး
ရယ်​ရယ်​နှင့်​  မင်​​ဆော့နှင့်​အတူစကားလက်​ဆုံကျ​နေတဲ့
မာမီ  ။ နှစ်​ဦးသားကို  ဆယ်​ဟွန်းပြုံးရင်း  ကြည့်​သာ
ကြည့်​​နေ​လေ၏   ။

C . A.  F.  M. [ Marriage's Sweetness ]♥ Where stories live. Discover now