(4)

3.6K 314 45
                                    

ဤသို့ဖြင့်​ အိုဆယ်​ဟွန်းဆို​သော ဂြိုလ်​သားသည်​ ကျွန်​​တော့်​ ၏ ​ဘေးချင်းကပ်​အခန်းသို့ ​ရောက်​လာ​တော့​လေသည်​။

.​ယောလ်​​လေး​ရေ ဆယ်​ဟွန်းကို သွား​ခေါ်​ပေးပါဦး ​နေ့လည်​စာ စားမယ်​လို့

.ဟာ မမ သွား​ခေါ်ပါလား

.​ယောလ်​​လေး..မမနဲ့ ဆယ်​ဟွန်းက သူ့စည်း ကိုယ့်​စည်း​နေတာ​လေ သူက မမ ချစ်​သူဆို​ပေမယ့်​လည်း သူစိမ်း​ယောက်ျား​လေးမို့ ​ယောက်ျား​လေးဖြစ်​တဲ့ ​ယောလ်​​လေးကပဲ သွား​ခေါ်တာ​ကောင်းတယ်​​လေ

.ဟုတ်​ပါပြီ...အဲ့​လောက်​အရှည်​ကြီးမ​ပြောလဲ သွား​ခေါ်​ပေးပါ့မယ်

ဆော့လက်​စ gameကို ပစ်​ချ၍ စူပုတ်​စွာပင်​ အ​ပေါ်ထပ်​သို့ ​ခြေ​စောင့်​ကာတက်​သွား​သော ​မောင်​ငယ်​ကို ကြည့်​၍ ယူရာ ပြုံး​နေမိ​တော့သည်​။

...................

ဒေါက်​... ​ဒေါက်​...

.အိုဆယ်​ဟွန်း....အိုဆယ်​ဟွန်း....

ခေါ်မကြား​အော်​မကြားနဲ့ ​သေများ​နေသလားမသိ။

..အိုဆယ်​ဟွန်း!!!

hight note သုံးလိုက်​သည့်​တိုင်​ ပြန်​ထူးသံမကြားရ၍ စိတ်​ထဲ စနိုးစ​နောင့်​ ဖြင့်​ တံခါးလက်​ကိုင်​ကို လှည့်​မိ​တော့ ပွင့်​သွားသည်​။

အိပ်​များ​ပျော်​​နေသလား...ဆိုသည့်​စိတ်​ဖြင့်​ အထဲ ဝင်​ပြီးကြည့်​လိုက်​​တော့ မရှိ။

အိုဆယ်​ဟွန်း ရှိမ​နေပါ.....

ရေချိုးခန်းထဲမှာများလား......

ရေချိုးခန်းအနားသို့သွားကာ တံခါး​ခေါက်​ဖို့ ရွယ်​လိုက်​စဉ်

ရုတ်​တရက်​ပွင့်​လာတာ​ကြောင့်​ လက်​ကအရှိန်​မထိန်းနိုင်​စွာဖြင့်​....

ဒေါက်​!!

.အာ့!!

အိုဆယ်​ဟွန်း၏​ခေါင်းကို​ခေါက်​လိုက်​မိခြင်းပင်​...

မ​တော်​တဆ ဖြစ်​သွား​သော်​လဲ စိတ်​ထဲမယ်​ အကြီးကြီး ​ကျေနပ်​သွားသည်​။

No Love, My Brother_In_Law(Zawgyi +unicode) Où les histoires vivent. Découvrez maintenant