(19)

3.6K 344 35
                                    


ဧည့်​ခန်းမထဲမှ..ဧည့်​သည်​​တော်​များ အလျှိုလျှို ပြန်​သွားကြပြီ.....

ပြောရရင်​​တော့ ချန်း​ယောလ်​ နားမလည်​နိုင်​​သော မင်္ဂလာ ပွဲ ကို ရှင်းရှင်းလင်းလင်း သိချိန်​တန်​ပြီ......

ကိုကို့ရဲ့ ​ဖေ​ဖေနဲ့ ​ဒေါ်​လေးက​တော့ ည​နေ ခရီးမထွက်​ခင်​ အိမ်​ကို လာကန်​​တော့ဖို့ မှာကြား ပြီးပြန်​သွားကြ​လေပြီ...

ခရစ်​တို့က ​နောက်​မှ ​တွေ့မယ်​ဆိုကာ ပြန်​သွားကြသည်​။

သူတို့လည်း လန့်​သွားကြမှအ​သေချာ..

သိထားတာက ကိုကိုနဲ့ မမရဲ့ ပွဲ...

ဖြစ်​သွားတာက ကိုကိုနဲ့ ကျွန်​​တော်​...

သူတို့သိချင်​​နေကြ​ပေမယ့်​လဲ ကျွန်​​တော်​ကိုယ်​တိုင်​​တောင်​ဘာမှနားမလည်​မှန်း သူတို့ရိပ်​မိပုံပင်​...

ဒါ​ကြောင့်​ အလွန်​စပ်​စုချင်​​သော ဘတ်​ဟျွန်း.. ​နေခဲ့ ဦးမယ်​ဟု​ပြော​နေ​သေးသည်​။

သခွားသီး​ကျွေးလိုက်​ရမလားလို့ ချိန်း​ခြောက်​လိုက်​တဲ့ ခရစ်​​ကြောင့်​ သာ.. ဘတ်​ဟျွန်း ငြိမ်​ကုပ်​ကာ ပြန်​လိုက်​သွားခြင်း. .

( ဘတ်​ဟျွန်း သခွားသီးမကြိုက်​တာ သိကြတယ်​​နော်​..အဲ့ သခွားသီးပဲ...ကျန်​တာ​တွေ မစဉ်းစားကြနဲ့...​ရွှေဥာဏ်​​တွေ စူး​ရောက်​တာမို့..ကြို​ပြောရတာ...😒😒😌 )

ချန်း​ယောလ်​ သည်​ ဆယ်​ဟွန်းကို စကား​ပြောဖို့ ကြံလိုက်​​သောလည်း မမက အနား​ရောက်​လာသည်​။

.ကဲ...သတို့သားတို့...မင်္ဂလာ ကားကိုစီးပြီး အိမ်​ပြနိင်​ပါပြီ​နော်​.....
ဆယ်​ဟွန်း...မမရဲ့ ​ယောလ်​​လေးကို ​စောင့်​​ရှောင့်​ရမယ်​​နော်​...
ယောလ်​​လေးကလဲ ဆယ်​ဟွန်းရဲ့စကားကို နား​ထောင်​​နော်​...

ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့လက်​​တွေကိုဆုပ်​ကိုင်​ကာ မှာတမ်း​ခြွေ​နေ​သော မမသည်​...

ကိုကိုဟာ..လုံးဝ သူနဲ့မပက်​သတ်​ခဲ့သလို...

သူ့ရဲ့ ချစ်​သူ မဟုတ်​သလို....

No Love, My Brother_In_Law(Zawgyi +unicode) Where stories live. Discover now