(17)

3.4K 291 31
                                    


You're on the other side.....
As the skyline splits in two......
I'm miles away from seeing you.......

So open your eyes and see the way
our horizons meet.....

..........

ငယ်​စဉ်​အခါက A က​နေ Z ထိ ​ဖြောင့်​​ဖြောင့်​တန်းတန်းဆိုနိုင်​တဲ့အခါ.....

ကိုယ့်​ကိုယ်​ကို ​ခေါင်း​မော့ ရင်​​ကော့ပြီး...ငါ ပညာတတ်​ကြီး ဖြစ်​ပြီကွ လို့ ထင်​မှတ်​မှားခဲ့ဘူးတယ်​.....

တဆင့်​တက်​လို့...စကားလုံးအစု​တွေ ကျက်​ရပြန်​​တော့...ဒါ​တွေရပြီးရင်​ ပညာတတ်​ကြီးဖြစ်​မယ်​လို့ ထင်​မိပြန်​တယ်​...

တကယ်​တမ်း နားလည်​တဲ့အရွယ်​​ရောက်​မှ ပညာဆိုတာ လိုက်​​လေ လိုက်​​လေ အဆုံးမရှိမှန်းသိလိုက်​ရချိန်​မှာ...

ပတ်​ဝန်းကျင်​က ပညာတတ်​လို့ သတ်​မှတ်​လိုက်​တဲ့ ​နေရာ​ ကိုယ်​တိုင်​ကလည်း​ကျေနပ်​လောက်တဲ့​နေရာ​မှာ...ရပ်​တန့်​ပစ်​လိုက်​တယ်​...။

ဒီအ​ကြောင်းအရာဟာ ကျွန်​​တော်​နဲ့ တူ မ​နေဘူးလား ကိုကို....

ခပ်​​သေး​သေး ဂရုစိုက်​မှု​တွေမှာ ​ပျော်​ဝင်​ပြီ
အချစ်​ကို ရရှိပြီလို့ ထင်​မှတ်​မှားတယ်​...

ခန္ဓာကိုယ်​ချင်းနှီး​နှောတဲ့အခါ...စိတ်​လိုလက်​ရ တုန့်​ပြန်​လာ​တော့...ငါ့ကို တကယ်​ ချစ်​တာပါလို့ ထင်​မိပြန်​တယ်​....

တကယ်​တမ်း သိလိုက်​ရတာက ကျွန်​​တော့်​အတွက်​ ကိုကို ဆိုတာ လိုက်​​လေ​ဝေး​လေ....မဆုံဆည်းနိုင်​ခြင်း...

အဆုံးသတ်​မှာ ပတ်​ဝန်းကျင်​က သတ်​မှတ်​ကြမယ့်​ ကျွန်​​တော်​နဲ့ကိုကို့ရဲ့ ​တော်​စပ်​မှုက ​ယောက်​ဖ​တွေ...........ရင်​နာစရာ..​တွေကြား ကိုယ်​တိုင်​ရပ်​တန့်​ပစ်​လိုက်​တယ်​....။

ကိုယ်​တိုင်​​ကျေနပ်​မှု​တွေ...ပါဝင်​မ​နေခဲ့.....

.....NO LOVE,MY BROTHER_IN_LAW....

.အင်း...ပန်း​တွေကို​တော့..lily..lavender... baby's breath အဲ့သုံးမျိုးနဲ့ပဲ အလှဆင်​​ပေးပါ

.ဟုတ်​ကဲ့..စိတ်​ချပါ...

.ခန်းမကို​တော့...ခရမ်းနု​ရောင်​​လေးနဲ့ ​ငွေ​ရောင်​​တွေ ဖြစ်​​နေချင်​တယ်​ ရမယ်​မဟုတ်​လား..

No Love, My Brother_In_Law(Zawgyi +unicode) Where stories live. Discover now