24#what's ur no.?

1.8K 101 2
                                    


ကျောင်းမှ အိမ်​သို့ ပြန်​​ရောက်​လာသည်​နှင့်​ ​ကောင်းကင်​တစ်​​ယောက်​ ထိုင်​အဆင်​မ​ပြေ ထ ပြဿနာဖြစ်​နဲ့ ​ခြေ​ထောက်​က ဆန္ဒပြ​နေခဲ့သည်​မို့ ပထမဆုံးပါလို့ ​ဖြေထား​သော ​ကောင်​​လေးအား စိုး​ရိမ်​စိတ်​​တွေပို​နေရသည်​။ မိမိကိုယ်​တိုင်​​တောင်​ ဤမျှ​လောက်​ခံစား​နေရပါလျှင်​ ထို​ကောင်​​လေးကား မပိုလျှင်​သာ ရှိမည်​ မ​လျော့​သော ဒဏ်​ကို ခံစား​နေရမှာဘဲ ဟုအ​တွေး​ရောက်​မိ​တော့ အဆက်​အသွယ်​​လေးလုပ်​ကာ သတင်း​လေး​မေးချင်​လာသည်​။ ထို့​ကြောင့်​ ခုတင်​​ဘေးမှ စာကြည့်​စားပွဲ​ပေါ်တွင်​တင်​ထားခဲ့​သော ဖုန်းကို အမြန်​ယူ၍ ဖုန်းဆက်​မည်​ပြင်​လိုက်​သည်​။ ဖုန်းscreenကို ဖွင့်​ password ရိုက်​ထည့်​ပြီး contact list ထဲဝင်​ကာ ​မွှေ​နှောက်​လိုက်​ရင်း ထို​ကောင်​​လေးနံပါတ်​အား အ​လောတကြီး ရှာ​ဖွေမိသည်​။

Contact list ကို အဆုံးထိဆွဲကာ ကြည့်​ပြီးသည့်​​နောက်​တွင်​မှ ကုတင်​​ပေါ်တွင်​ ပက်​လက်​လှန်​ချလိုက်​ရင်း ကိုယ့်​နှဖူးကိုယ်​ပြန်​ရိုက်​ကာ ​ကောင်းကင်​တစ်​​ယောက်​ အသံထွက်​ရယ်​​မောလိုက်​မိသည်​။ တကယ်​ဆိုရင်​ တိမ်​လွှာဦး ဆီမှ ဖုန်းနံပါတ်​မ​တောင်းရ​သေးဘဲ contact list ထဲဝင်​​မွှေ​နေမိ​သော မိမိမှာ သမာဓိတရား​တော်​​တော်​အားနည်း​နေပုံရ​လေသည်​။ တကယ်​တမ်းအ​ရေးကြီးသည့်​ဖုန်းနံပါတ်​ကိုမှ အရင်​​မ​တောင်းမိ​တော့ အဆက်​အသွယ်​လုပ်​ရန်​မလွယ်​​တော့​ပေ။ 

ထို့​ကြောင့်​ ဖြစ်​သမျှအ​ကြောင်းအ​ကောင်းဟုသာယူဆလိုက်​ရင်း ​နောက်​ရက်​​တွေ့တာနဲ့ ဖုန်းနံပါတ်​​အရင်​တောင်းဖို့​ အ​ရေးကို စိတ်​ထဲတွင်​​တေး၍ မှတ်​ထားလိုက်​သည်​။ ထိုအချိန်​တွင်​ "tok tok tok" ဟူ​သော မြည်​သံနဲ့အတူ  ဖုန်းmessage ဝင်​လာ​တော့ ​ကောင်းကင်​ တစ်​ချက်​ကြည့်​လိုက်​သည်​။

💬"လိုင်း​ပေါ်တက်​လာခဲ့.....😍😍😍"

ဟူ​သော အလင်း၏ တစ်​ချက်​လွှတ်​ အာဏာ​ပေးသည့်​ စကားလုံး​တွေအား မြင်​လိုက်​ရ​တော့ ညနက်​​နေပြီမအိပ်​​သေးပါလားဆိုသည့်​အ​တွေးနဲ့အတူ ဆူဆဲရန်​ လိုင်းဖွင့်​ကာ messenger ထဲမှ gp​လေးတစ်​ခုထဲသို့ ဝင်​​ရောက်​လိုက်​သည်​။

'နေ'ပိုင်ဆိုင်သော'လ'Where stories live. Discover now