35#နီးကပ်​လာ​သော အဆုံးသတ်​-2(Zawgyi)

1.1K 32 3
                                    

မဟုတ်​နိုင်​ပါဘူး၊ မဖြစ်​နိုင်​ပါဘူး ဆိုပြီး အတွင်​တွင်​ ငြင်းချက်​ထုတ်​​နေသည့်​ နှလုံးသားငယ်​ကို ဖီဆန်​ကာဖြင့်
တစ်​ခု​သော ​ဖြေရှင်းချက်​ကို ဦး​နှောက်​မှ အ​ဖြေထုတ်​တင်ြ​ပလာ​လေသည်​။ ဘယ်​လိုသူငယ်​ချင်း​မျိုးက ​ယောကျာ်း​လေးချင်းကို ရတနာတစ်​ပါးလို ဂရုစိုက်​မှာတဲ့လဲ။ ထိလိုက်​မိတာနဲ့ ကျိုး​ကြေသွားနိုင်​တဲ့ ​ကြွေရုပ်​ငယ်​​လေးလို တသသ သတိထားကိုင်​တွယ်​မှာတဲ့လဲ။

ထိုကဲ့သို့​သော အ​တွေးများက ကြီးစိုးလာချိန်​တွင်​​တော့ 
လပြည့်​ ​ခေါင်းကိုသာ တွင်​တွင်​ ခါယမ်းလိုက်​မိသည်​။ သူငယ်​ချင်း​တွေ ပဲ​လေ။ အနှစ်​နှစ်​အလလ အတူတူရှိလာဖူးတဲ့ သူငယ်​ချင်း​တွေပဲ တစ်​​ယောက်​က တစ်​​ယောက်​ကို စိုးရိမ်​ပူပန်​တယ်​ဆိုတာ ဖြစ်​သင့်​တဲ့အရာပဲ​လေ။ င​ကောင်း ​တောင်​မှ ငါ ​နေမ​ကောင်းဖြစ်​ရင်​ ​ခြေမကိုင်​မိ၊ လက်​မကိုင်​မိနဲ့ ဖြစ်​တတ်​​သေးတာပဲမလား။ ဆန်းကလည်း လဝန်း မအီမသာဖြစ်​​နေလို့ အကူအညီ​ပေးရုံတင်​ ဖြစ်​နိုင်​တာပဲ။ ပြီး​တော့ အလင်းကလည်း ​ပြောဖူးတာပဲ။ ဆန်းက တိမ်​လွှာ့ကိုဆိုရင်​လည်း အရမ်း ဂရုစိုက်​တာဆိုပြီး​တော့။ င​ကောင်းက​​ တောင် သဝန်တိုရတဲ့အထိ အ​​နေနီးလွန်းတယ်​​ဆိုပြီး ​ပြောဖူးတာပဲ​...ဟုတ်​တယ်​။ ငါအ​တွေးများ​နေမိတာ။ ​င​ကောင်းတို့လိုမျိုး တွဲ​နေပါတယ်​ဆိုပြီးလည်း ​ပြောဖူးတာမှ မရှိတာ....ဒီအတိုင်း ငယ်​သူငယ်​ချင်း​တွေမို့ တစ်​​ယောက်​အ​ပေါ် တစ်​​ယောက်​ ရိုင်းပင်းကူညီ​ပေးတာ။ အများကြီး မ​တွေးစမ်းနဲ့ လပြည့်​....

လပြည့်​အ​တွေးတို့ကို လက်​စသတ်​ လိုက်​ရင်း ​ရှေ့တွင်​ ရှိ​နေ​သော မှန်​ထဲတွင်​ ​ပေါ်​နေသည့်​ မိမိပုံစံ​လေးကို ​ခေတ္တမျှ ငြိမ်​၍ကြည့်​​နေမိသည်​။ ​​နေမ​ကောင်းသည့် ​​ဟန်​ရှိ​နေ​သော မျက်​နှာ​လေးက အနည်းငယ်​ နွမ်းဖတ်​၍​နေ​လေသည်​။ ခုနက စိတ်​ညစ်​စရာ​တွေ အများကြီး ​တွေးလိုက်​မိသည့်​ အကျိုးဆက်​​ကြောင့်​ ညှိုးနွမ်း​နေပုံရသည့်​ မျက်​နှာကို ပြန်​လည်​ လန်းဆန်းလာ​စေရန်​ လပြည့်​ မျက်​နှာသစ်​လိုက်​မိသည်​။

'နေ'ပိုင်ဆိုင်သော'လ'Where stories live. Discover now