⋆ လန်ပါပါး ⋆

12K 826 24
                                    

[ မူရင်း ဇာတ်လမ်းနှင့် မသက်ဆိုင်ပါ ]

🖤 🖤 🖤 🖤 🖤 🖤 🖤

အရောင်အသွေးစုံသော ဓားတို့၏ တိုက်ခိုက်သံသည်
လမိုက်ည၏ တိတ်ဆိတ်ခြင်းကို ဖြိုခွဲပစ်လိုက်သည်။

မရေမတွက်နိုင်သော သူတော်သိုင်းပညာရှင်တို့၏ စုဝေးတိုက်ခိုက်ခြင်းမှာ
လူတစ်ဦးတည်းနှင့် တစ္ဆေတစ်ကောင်ထံသို့သာ ဦးတည်နေသည်မို့
သည်တကြိမ်တွင်တော့ တရားမျှတမှုမရှိဟု ယူဆ၍ ရ၏။

သွေးများဖြင့် မေ့မျောနေသော ဝေယဉ်အား ကျောပိုးထားရတာကြောင့် လန်ဝမ်ကျီ၏ တုံ့ပြန့်ချက်များက လိုသလောက် ကာကွယ်မှုမပြုနိုင်။
ထွင်းဖောက်မြင်ရမတတ် ကြည်စင်သော Bìchén ကို ဝှေ့ယမ်းနေသူ ဝမ်နင်းကြောင့်သာ သူတို့၃ဦး လွတ်မြောက်နေခြင်းသာ။

Bìchén ဓားသွားထက်မှာလည်း သွေးအချို့ စွန်းပေလျက်။
သူတော်များအား သေစေနိုင်လောက်သည့် ဒဏ်ရာမပေးမိရန် ဝမ်နင်း သတိထားနေရသည်။
ရီလင်းသခင်အား အခြေအမြစ်မရှိသော အထင်လွဲမှုများ ထပ်မံ တိုးပွားမလာစေရန် ရည်ရွယ်ရင်း။

လမ်းခွဲသွားရန် အရိပ်အကဲပြသော ဝမ်နင်း၏ စေခိုင်းခြင်းကို ပထမဦးဆုံးအကြိမ်အဖြစ် သူ နာခံပြီး ဗျတ်စောင်းဖြင့် စည်းချထားခဲ့ကာ ကူးစူးသို့ ဦးတည်လိုက်သည်။

" ကျေးဇူးပြု၍ ဘာမှမဖြစ်လိုက်ပါနဲ့ ဝေယဉ် "

➖➖➖

ကူးစူး

ZeWuJun အဆောင်

တိမ်တွေနေတဲ့အရပ်ဆီရောက်တော့ ပုံမှန်ဖြစ်လွန်းစွာပဲ အေးချမ်းနေတဲ့ အဆောင်တော်များအား ကြည့်ကာ အစ်ကိုတော်၏ အိပ်ဆောင်အား လန်ဝမ်ကျီ ရွေးချယ်လိုက်သည်။

အခင်းဖြူဖြူများကို အထပ်ထပ်ခင်းရင်း ကျောထက်က မင်းသားလေးအား မနာကျင်စေလိုသော ဆန္ဒအပြည့်နှင့် ဖြေးညှင်းစွာ ချပေးလိုက်တယ်။
လှုပ်ရှားမှုတိုင်းက နူးညံ့ ညင်သာလွန်းစွာ။

အနက်ရောင်ဝတ်ရုံ ဖယ်လိုက်တာနဲ့ ဖွေးဖွေးဖြူသော ရင်အစုံ နိမ့်လိုက်မြင့်လိုက်။
အသက်ပြင်းပြင်းရှုနေရတာ သူ ဘယ်လောက်တောင် နာကျင်နေလိမ့်မလဲ။

𝐌𝐨 𝐃𝐚𝐨 𝐙𝐮 𝐒𝐡𝐢 [𝐂𝐨𝐦𝐢𝐜𝐬 & 𝐒𝐭𝐨𝐫𝐢𝐞𝐬] ♥𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃♥Where stories live. Discover now