落雪尋花 | Seeking Flowers Within Falling Snow
MDZS Anime Song Translation
🖤
ငြိမ်သက်နေတဲ့ ကန်ရေပြင်မှာ ပန်းပွင့်ရွက်ကြွေလွှာတွေက ကြည်လင်တောက်ပတဲ့ လှိုင်းဂယက်တွေကို ဖန်တီးလိုက်သလိုမျိုး
အတွင်းကျတဲ့ နှလုံးအိမ်နက်ထဲက မမေ့လျော့နိုင်တဲ့ အတိတ်ပန်းချီဟာ အနုစိတ်စွာ ရှင်သန်လို့နေခဲ့ ။မပြီးဆုံးနိုင်တဲ့ သံသရာမှာ မင်း တည်ရှိနေခဲ့တဲ့ အတိတ်ကို လွမ်းဆွတ်တမ်းတနေမိခြင်းကနေ ကိုယ်ဟာ လွတ်မြောက်နိုင်မယ် မထင်တော့ဘူး ။
ပန်းပွင့်ကြွေလွှာတွေကြား မင်းကို လိုက်ရှာနေမိဆဲ ။
ရေခဲပြင်၊ ဆီးနှင်းပွင့်တွေနဲ့ အထီးကျန်လှစွာ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလများသာ ရောင်ပြန်ဟပ်နေခဲ့ ။
ကြယ်စင်လို တောက်ပနေလေ့ရှိတဲ့ မင်းမျက်ဝန်းက မျက်ရည်တွေ
လွတ်လပ်စွာ ရယ်မောတတ်တဲ့ မင်းရယ်သံတွေ
မင်းရဲ့ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း
မင်းရဲ့အရာအားလုံးဟာ မေ့ပျောက်ဖို့ ခက်ခဲလှတယ်။မင်းကို ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း နှစ်သက်မြတ်နိုးနေမိမှန်း မသိခဲ့တဲ့ နုံချာလှတဲ့ ကိုယ် ...
သေခြင်းတရားကသာ နားလည်သိမြင်စေရင်း ဒဏ်ခတ်ခံခဲ့ရ။အိပ်မက်လေးလို မင်းဟာ ကိုယ့်ဝိဥာဉ်ကို အပြီးပိုင် ချုပ်သိမ်းခဲ့။
♥
ငယ်ရွယ်ခြင်းရဲ့ အရိုင်းဆန်မှု
မင်းစိတ်ကြိုက် မင်းစိတ်ပျော်သလိုသာ နေထိုင်ရင်း
ဘယ်အရာကမှ ဆန့်ကျင်စေစားခြင်းငှာ မပြုနိုင်ခဲ့တဲ့ မင်း . . .
ပွင့်လင်းဖော်ရွေပြီး သနားကြင်နာ ငဲ့ညှာတတ်တဲ့ မင်းဟာ
သွေးပူနေတဲ့ တက်ကြွမြူးတူးခြင်းတွေနဲ့ ရပ်နေခဲ့တယ်။တောက်ပကြည်လင်လွန်းပြီး ဖြူစင်သန့်ရှင်းနေတဲ့ မင်းရဲ့အကြည့်တွေအောက် ... အမှောင်ရိပ်ထဲက အေးစက်နေတဲ့ ကိုယ့်နှလုံးသား ရင်ခုန်လှိုက်ဖိုခဲ့ရပေါ့။
ကိုယ် မသိလိုက်ခင် မင်းပုံရိပ်လေးဟာ တိတ်ဆိတ်စွာပဲ ကိုယ့်နှလုံးအိမ်ထဲ ပုံဖော် ထွင်းထုပြီးသား ဖြစ်နေခဲ့။
YOU ARE READING
𝐌𝐨 𝐃𝐚𝐨 𝐙𝐮 𝐒𝐡𝐢 [𝐂𝐨𝐦𝐢𝐜𝐬 & 𝐒𝐭𝐨𝐫𝐢𝐞𝐬] ♥𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃♥
Romance🖤 Remarkable, Memorable, Valuable, Miraculous Fable 🖤 Just my deeply beloved collections! ~ Sharing and Reposting is strictly forbidden ~ Plz don't, babies. please ~ All of the pictures used in this are respectfully credited to Creators.