Part-14

3K 330 33
                                    

မွေးနေ့မှာ ကစားကွင်းသွားချင်တယ်ဆိုတဲ့ Jong babeကြောင့် အားလုံး အဝတ်အစားလဲပြင်ဆင်ရန် Taoနဲ့ Krisကလဲ အိမ်ခဏပြန်သွားကြလေသည်။

"Jong babe ဘာလေးဝတ်မလဲ..."
ရေချိုးပြီး အင်္ကျီလဲရန် Sehun အဝတ် ဗီရိုရှေ့ ရပ်ရင်း အင်္ကျီရွေးနေတုန်း Jong babeကိုဘာဝတ်ပေးရမလဲရွေးပေးနေရတယ်....

သူကရုတ်တရပ်ကြီးကြီးလာတက်လို့ အင်္ကျီ အကြီးတေဆောင်ထားတက်လို့သာတော်တော့တယ်....

"ကိုကို Hunnieရယ် အင်္ကျီကဖြင့်များများစားစားမရှိသေးဘူးမို့လား ကောင်းမယ်ထင်တာလေ ရွေးပေးလေ ....."

ရေချိုးပြီး ဆံပင်ပုံသွင်းပြီးသွားတဲ့ Jong babeက Sehunကိုနောက်က လာဖတ်ရင်း လက်မောင်းအောက်က ခေါင်းလျိုကာ သူပါ အင်္ကျီတေ ကြည့်နေလေရဲ့လေ......

နောက်ဆုံးရွေးမရတဲ့အဆုံး ချမ်းစိမ့်စိမ့်ဖစ်နေပြီးဖစ်တဲ့ရာသီဥတုကြောင့် Shirt အနက်ကလေးတထည်နဲ့ Hoddieအဝါခေါင်းစွတ်ကလေး ရွေးလိုက်ကာ ဂျင်း အကျတ်ကလေးတထည်နဲ့ Jong babeအင်္ကျီကိစ္စအဆုံးသတ်သွားလေသည်။

အပြန်နောက်ကျရင်အေးနေမှာဆိုးတာကြောင့် သူ့အတွက်အနွေးထည်က အကြီးတေမဝယ်ရသေးတာမို့ Sehunသူ့အနွေးထည်အသေးတထည်နဲ့သူ့အတွက်တထည် အပိုယူခဲ့လိုက်တော့သည်။

အောက်ရောက်တော့ Krisနဲ့ Taoကပါပြန်ရောက်နေကာ Jong babeအရပ်ရှည်လာတာက သူ့တူတာငါ့တူတာနဲ့ ငြင်းနေကြလေရဲ့လေ....

"ဟိ...သားသားက အားလုံးနဲ့တူတာပါ....မငြင်းနဲ့တော့နော် Daddyတို့..."

Jong babeက ကြားဝင်ရှင်းလိုက်မှ ငြင်းနေကြတာ အဆင်ပြေသွာလေသည်။

"သားသား Disney landသွားမှာလား...."

"ဟုတ်...ဟိဟိ သွားမှာ ဒီနေ့က daddyတို့ Papaတို့က သားသားအပိုင်းနော်...ကိုကိုHunnieကတော့အထူးပြောစရာမလိုတော့ဘူးမို့လား ဟိ အစကတည်းက Jongအပိုင်းဆိုတော့....."

သူသဘောကျတဲ့ ကာတွန်းဇာတ်ရုပ်နေရှိတဲ့ Disney landကိုသွားမယ်ဆိုမှ အဲ့လိုစကားတေနဲ့ချုပ်နေတာ နည်းနည်းတော့မျက်ခုံးလှုပ်မိတယ်....

"ဟုတ်ပါတယ် ဗျာ papaတို့က babeအပိုင်းပါ...."

သူ့အပိုင်းဆိုတာကိုသဘောတူလိုက်တော့ သဘောတကျရယ်နေလေရဲ့လေ....

Super Moon ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ