Special Bonus part

2.9K 225 29
                                    

A/N: Warning ⚠️ partပါနော် 🌚🌚တစ်နှစ်ပြည့်ကို completedနှစ်ပုးလုံးဒီလိုမျိုးပေးမယ်တွေးထားလို့ရေးလိုက်တာပါ စကားလုံးတွေကို အယဉ်ကျေးဆုံးသုံးပေးထားပါတယ်လို့😍😘😘

ဝန်ခံချက်....ကိုယ်စာတွေအများကြီးလေ့လာထားရတာပါ ဒီဟာရေးဖို့ရာကို🤣🤣🤣သဘောကျကျမယ်လို့မျှော်လင့်ပါတယ် 😂😂😂😂

//////////////////////

"Babyရေ.....ကိုကိုတို့ လမ်းလျောက်ထွက်ရအောင်နော်......"

"ဟုတ်...လာပြီး ကိုကို....."

ကြက်ဥအနှစ် ရောင် လိုအဝါနုရောင် ဆွယ်တာအပွလေးနဲ့ babeက သိပ်မပေါ်သေးတဲ့ ဗိုက်ကိုမလုံမလဲနဲ့ ဆွဲဖုံးချရင်း အိမ်ရှေ့က ပန်းဒန်းလေးနားမှာစောင့်နေတဲ့ ကျွန်တော့်နားကိုရောက်လာလေသည်။

"ကိုကို ကလေးဗိုက်က သိပ်မပေါ်ပါဘူးနော်...."

မနက်၇နာရီဆိုတဲ့အချိန်က ကမ္ဘာမြေပေါ်ကို နေမင်းကြီးက ခပ်ဖျော့ဖျော့ဖြာကျနေကာဂကျွန်တော့်ရဲ့ အဝါရောင် ဗိုက်ပူသစ်သီးပေါက်စလေးကို လွှမ်းခြုံထားတဲ့ အလင်းရောင်အေးအေးလေးနဲ့ တောက်ပနေတဲ့ သူ့ကိုကျွန်တော်ငေးနေမိတုန်း သူကကျွန်တော့်လက်မောင်းလေးကိုတွဲခိုလိုက်ရင်း မေးလိုက်လေသည်။

"အဟင်းးး...မပေါ်ပါဘူးဆို ကလေးရယ် အခုမှ ကလေးဗိုက်က ၄လပဲရှိသေးတာကို မပေါ်ဘူးစိတ်ချ ကိုကို့ သစ်သီးပိစိလေးက ဝလာလို့ဖောင်းလာသလောက်ပဲရှိသေးတာရယ်နော်....."

ဆံပင်ညိုညိုအိအိလေးတွေ ပေါ်ကို လက်နဲ့အုပ်တင်ရင်း နဖူးလေးကိုပါ ချစ်စနိုးနမ်းကာပြောလိုက်တော့ သူက သဘောတကျရယ်လေသည်။

"ဟားးဟားးး ဟုတ်ပါပြီး လူလည် ဦးလေးကြီးရယ် နမ်းဖို့ပဲချောင်းနေတယ် ဟွန့်...လာလမ်းလျောက်ကြရအောင်နော်....."

Babeကကျွန်တော့်လက်မောင်းကိုတွဲခိုရင်း နှစ်သားအတူတူ မနက်ပိုင်း လမ်းလျောက်ချင်း အလုပ်ကိုစတင်ခဲ့ကြလေသည်။

သူကိုယ်ဝန်ရှိနေပြီးဆိုကတည်းက ကျွန်တော့်တို့နှစ်ယောက် မနက်တိုင်း  ဟိုဘက်ရက်ကဠက်ထိပ်က ပန်းခြံလေးထိလမ်းလျောက်ထွက်တက်ကြသည်။

Super Moon ( Completed )Wo Geschichten leben. Entdecke jetzt