_3_

635 55 2
                                    

ဒဏ္ဃာရီမိုးတိမ်
Chansoo ( yaoi )
Part 3

သူတို့ဦးတည်ရာကတော့

"" WOLF
               CLUB ""

KYUNGSOO : : ရပ်တော့

CHANYEOL : : ဒီနေရာကိုဘာလုပ်ဖို့ ...

ကျွန်တော်ကသာမေးတာ သူကတော့ အလျင်အမြန်ပဲ CLUB ထဲဝင်သွားပြီ ကျွန်တော်ကြားဖူးတာတော့ wolf club ဆိုတာ all open ပဲ မကောင်းမှုဒုစရိုက်သမားတွေအပေါဆုံးနေရာ သူ့လို လူကောင်သေးသေးလေးနဲ့ ဒီနေရာကိုဘာလာလုပ်ပါလိမ့် ကျွန်တော်လည်း သူ့နောက်ကနေလိုက်ရတယ် တစ်နေရာရောက်တော့

Kyungsoo : : Ya! DO HASOO

( HASOO Character က  ဗီလိန်မ ဖြစ်မှာမို့ တခြားသူမထိခိုက်အောင် အနော့်နာမည်ထည့်ထားတာပါ  hasoo နေရာမှာ ကိုယ်ကြည့်မရတဲ့သူကိုသာမြင်လိုက်ပါ 😆😆)

Kyungsoo အော်သံကြောင့် club ထဲက လူတွေကသူတို့ဘက်အကြည့်ရောက်လာတယ်  ပွဲကြီးပွဲကောင်းကြည့်ရတော့မယ့်ပုံနဲ့

HASOO : : ဘယ်လိုလုပ်ရောက်လာတာလဲ
 
Kyungsoo : : ပြော ဘယ်သူမင်းကို ဒီကိုခေါ်လာတာလဲ

Hasoo : : ကိုယ့်ဘာသာလာခဲ့တာ ဘာဖြစ်လဲ

Kyungsoo : : ဒါဘယ်လိုနေရာဆိုတာမင်းသိလား မိန်းမငယ်လေးဒီကိုလာစရာလား

ထိုအချိန်ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့် လူတစ်ယောက် kyungsoo တို့နား ရောက်လာပြီး kyungsoo ပုခုံးပေါ်လက်တင်လိုက်ကာ

man : :  ဒီမှာ ချာတိတ်  အေးဆေးအိမ်ပြန်ရင်ကောင်းမယ် ဒီကောင်မလေးက ဒီနေ့အတွက် ငါ့အပိုင်နော်

Kyungsoo အံ့ကြိတ်ပြီး သူ့ပုခုံးပေါ်ကလက်ကိုဆွဲလိမ်ပြီး ထိုသူ့မျက်နှာကိုတစ်ချက်ထိုးလိုက်သည် မထင်မှတ်ခင် ဖြစ်သွားတာကြောင့် ရုတ်တရက်အားလုံးကြောင်နေကြတယ်

Kyungsoo : : ပြန်မယ်

Hasoo : : မပြန်ဘူး

သူတို့နှစ်ယောက်  ငြင်းနေတုန်းမှာပဲ ခုနက အထိုးခံလိုက်ရတဲ့သူ အရက်ပုလင်း ကိုကိုင်ပြီး kyungsoo ခေါင်းကို ရိုက်ဖို့ လက်ရွယ်နေစဉ် လျင်မြန်လှစွာသော chanyeol က kyungsoo နောက်က ဝင်ကာလိုက်သောကြောင့် အရက်ပုလင်းနဲ့ chanyeol နောက်စေ့နဲ့မိတ်ဆက်သွားတော့တယ်

L.CWhere stories live. Discover now