' ခေါ ခလော ခေါ '
ဟောက်သံပြင်းပြင်းကြားလို့ လှည့်ကြည့်လိုက်တော့ စားပွဲပေါ်ခေါင်းမှောက်ပြီး အိပ်ပျော်နေတဲ့သူ
" အဟမ်း သခင်လေး ခင်ဗျာ အဟမ်း "
အသံမြင့်လိုက်မှ မှိတ်နေတဲ့ မျက်လုံးတွေကို ပွတ်ရင်း ထလာတယ်
" ဘယ်အချိန်ရှိပြီလဲ "
" ၁၆နာရီထိုးတော့မှာပါ ဒါ ညနေစာ ပြင်ပေးထားတာပါ "
ဟင်းခွက်တွေကို ကြည့်ပြီး မျက်မှောင် ကြုတ်ကာ
" မစားချင်ဘူး "
" စားပြီးမှ ဆေးသောက်လို့ရမှာပါ "
" ..."
" သခင်ကြီးက သေချာမှာသွားတာပါ "
" အပိုတွေ ဘယ်တုန်းကများ အဲ့လောက်ဂရုစိုက်ပေးခဲ့လို့လဲ "
" ဗျာ "
" မဗျာနဲ့ ငါက မစားဘူးဆို မစားဘူးပဲ "
ဒါနဲ့များ ဘာလို့ လူကို ချက်ပြုတ်ခိုင်းနေသေးလဲ ဘေးကနေထိုင်ပြီးတော့ကိုစောင့်နေပြီးတော့ စားတာလဲ မဟုတ်ဘဲ
" မင်းဘာတွေးနေလဲ ငါသိတယ်နော် စားခွက်ကွဲသွားမယ် တောက် "
'အ'
သူ့ဘာသာဒေါသထွက်ပြီး သူ့ရှေ့ချထားတဲ့ ဟင်းပန်ကန် တွေကို အကုန် တွန်းချသွားတာလေ ဘေးမှာ ရပ်နေတဲ့ ကျွန်တော့် ခြေပေါ်တည့်တည့်ပဲ စိတ်က တကယ်လက်တဆစ် ဒီကောင်လေး ကျွန်တော် ကျောင်းသားဘဝတုန်းကသာဆုံခဲ့ရင် မလွယ်ဘူးမှတ် နေရာမှာတင် ညှစ်သတ်ပစ်မှာ။
***** ဒဏ္ဃာရီမိုးတိမ်*****
" ကျွန်တော် မတက်ချင်သေးဘူး "
" မတက်ချင်လို့ ဘယ်ရမလဲ မင်းအသက်ကလဲ ငယ်သွားမှာမဟုတ်ဘူး ကျောင်းနားထားတာလဲ၂ နှစ်ကျော်နေပြီ ဒီကြားထဲမှာလဲ မင်းစိတ်တိုင်းကျ အကုန်လုပ်ပေးထားပြီးပြီ ဒီထက်ပိုပြီး အခွင့်မလိုချင်နဲ့ kyungsoo မင်း နောက်လ ကျောင်းဖွင့်ချိန် ကျောင်းပြန်တက်ရမယ် "
သူ့သားကို ကျောင်းပြန်တက်ရမယ်လို့ ပြောပြီး အခန်းထဲဝင်သွားခဲ့တဲ့ သခင်ကြီး အင်း..သူကတော့ အေးဆေးဝင်သွားတာ ကျန်ခဲ့တဲ့ ကျွန်တော်ကတော့ ဓားစာခံ ဖြစ်ရဦးမှာပါလေ