3) Bewitched by Innocence

11.8K 835 34
                                    

( မူရင်းဇာတ်လမ်းမှ သွေဖယ်သော)

🖤

ကြာပန်းတို့၏ မြို့တော်ကန်သာတွင် ထိပ်သီးအဆင့်မှော်သိုင်းသမားများသာမက ကျင့်ကြံစ သိုင်းသမားအကောင်ပေါက်ကလေးများပါ ခြေချင်းလိမ်နေကြသည်။
ထိပ်သီးဂိုဏ်းများ၌ တခုအပါအဝင်ဖြစ်သော ကျန်းဂိုဏ်း၏ ရုံးစိုက်ရာ ကြာပင်နန်းနွယ်ခန်းမတွင် အစည်းအဝေးတခု ကျင်းပလျက်ရှိ၏။
သူတော်ဂိုဏ်းပေါင်းစုံ၏ အကြီးအကဲများ တက်ရောက်လျက်ရှိသည်မို့ ခမ်းနားထည်ဝါခြင်းက ထိုခန်းမအား လွှမ်းခြုံလျက်။
သာမန်လူများ အမှတ်တမဲ့ ဝင်လာမိပါက ကျောစိမ့်၍ အေးခဲသွားစေလောက်မည့် အရှိန်အဝါတို့နှင့်။

" ဝမ်မျိုးနွယ်လက်ပါးစေတွေကို ရှင်းပစ်သင့်တယ်လို့ ကျွန်တော်ကတော့ အဆိုပြုမယ် "

" ဖုတ်ကောင်တွေကလည်း သတ်မကုန်နိုင်ဖြစ်လာတာ ဝမ်ခွေးတွေကို စစ်သားအဖြစ် အသုံးပြုတာ ကောင်းမလား "

" အဲ့ဒါထက် အရေးကြီးတာက ရီလင်းမြို့အနီးနားက ရွာတွေမှာ ပူးကပ်ခံရသူတွေ များလာတာပဲ . . ဒါကို အရင်ဖြေရှင်းသင့်တယ် ထင်တယ် "

" ဘာပဲဖြစ်ဖြစ် ဝမ်တွေကို သုံ့ပန်းလို အသုံးချတာ အဆင်ပြေနိုင်တယ်
အလကားသတ်ပစ်မယ့်အတူတူ အကူအညီ ဖြစ်တာပေါ့ "

" မင်းရဲ့ ဝမ်ခွေးတွေက ဖုတ်ကောင်တွေကို သတ်ပါ့မယ်လို့ မင်းဆီမှာ သစ္စာခံထားလို့လားကွ!! "

" ဘာကို ငါ့ရဲ့ဝမ်ခွေးတွေလဲ! မင်း အပြောအဆို အတင့်ရဲလှချည်လား!! "

" အားလုံး တိတ်ကြစမ်း . . . ကလေးတွေလား . . .
အကြံကောင်းဥာဏ်ကောင်း ထွက်မလာဘဲ ရန်ဖြစ်နေရအောင်
အကောင်းဆုံးအဖြေတခုကိုသာ ဝိုင်းစဉ်းစားကြစမ်းပါ "

ဆွေးနွေးခြင်းမှအစ ညှိနှိုင်းခြင်းပါ အဆင်မပြေကာ ထသတ်ကြတော့မည့်အဆင့် ရောက်သွားတော့သည်။
ထစ်ခနဲဆို ဒေါသထွက်တတ်ကြတဲ့ ဂိုဏ်းခေါင်းဆောင်များအား ဘယ်ပုံ ပြုပြင်ပေးရမည် လန်ဟွမ် မသိ။
နေမင်းကို ဖြိုခွင်းပြီးပြန်တော့လည်း ကျန်ရစ်သည့် ပြဿနာများက မနည်းမနော။
အထူးတလည် လိုက်လံစည်းရုံးကာ ဖြစ်မြောက်လာသည့် နျဲ့မင်ကျွယ်၏ စုဝေးပွဲကလည်း ဒေါသတွေကလွဲ စည်းလုံးမှုမရှိပြန်တော့ စိတ်အတော်ပျက်သွားရသည်သာ။

𝐌𝐨 𝐃𝐚𝐨 𝐙𝐮 𝐒𝐡𝐢 [𝐂𝐨𝐦𝐢𝐜𝐬 & 𝐒𝐭𝐨𝐫𝐢𝐞𝐬] ♥𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃♥Where stories live. Discover now