4) Bewitched by Innocence

12K 851 46
                                    

[ မူရင်းဇာတ်လမ်းနှင့် မသက်ဆိုင်ပါသော ]

💜

💙

တိမ်စိုင်တိမ်ငွေ့တို့ လွှမ်းခြုံရာ
ကောင်းကင်ဘုံသို့သွားရာလမ်း၌တည်သော ဗိမ္မာန်တခုဟု
တင်စားလေ့ရှိကြသော လန်ဂိုဏ်း၏တည်နေရာ ကူးစူး ။

ကြယ်ခင်းသော ညဥ့်အလယ်ပိုင်းတွင် နှင်းစက်နှင်းမှုန်တို့ ခပ်ဖွဲဖွဲကျလို့နေသည်။ မျက်စိတဆုံး စိမ်းလန်းနေသော တောင်တန်းများ၏ မြင်ကွင်းက လရောင်ဆမ်းဖြာလျက်။ ယွင်မုန့်တွင် မြင်ရလေ့မရှိသော အမြင့်တစ်နေရာ အပေါ်စီးမှ ငေးမောခွင့်ရသော ရှုခင်းများသည် လွမ်းမောဖွယ်ကောင်းသလို အမှန်ပင် လှပသည်။
ထိုကဲ့သို့ လှပလွန်းနေတော့ ဝမ်ဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံရသော ပထမဆုံးဂိုဏ်းဖြစ်ခဲ့ရသည်လား။

လှပခြင်းတွေဟာ တန်ဖိုးထား မြတ်နိုးခြင်းခံရဖို့သာ ထိုက်တန်သည်မဟုတ်ပါလား။ ဘာကြောင့်များ ချေမွဖျက်ဆီးရုံမက မီးလောင်တိုက်သွင်းခဲ့ပါသနည်း။  လူအများစု၏ အမြင်က မရိုးရှင်းကြဘူးလား မသိပါချေ။ ကြာပန်းမြို့တော်ကိုလည်း ရစရာမရှိအောင် နင်းချေခဲ့တာပါပဲလေ။

ဒီညတော့ ခေါင်းရှင်းရှင်းနေလိုသည့်အတွက် အတွေးများကို မောင်းထုတ်ကာ ပေါင်ဘေးမှာ လာကပ်အိပ်နေသော ယုန်ဖွေးဖွေးလေးအား ကောက်ချီလိုက်သည်။ အေးသည်ထင့် .... ။ လူငွေ့ကို လိုအပ်၍ လာကပ်အိပ်ပေမယ့် သူက လန်ဝမ်ကျီ မဟုတ်လေတော့ ယုန်လေးက အချီခံချင်ပုံမရ။ တွန်းထိုးလူးလွန့်ကာ ဆင်းပြေးသွား၏။
ဘောလုံးလေးလိမ့်သွားသလို လုံးနေအောင် ခုန်ပြေးသွားသော ယုန်လေးကြောင့် သဘောတကျ ရယ်မိရင်း ကောင်းကင်သို့ မော့ကြည့်မိသည်။

"ဧကရာဇ်အပြုံး" အိုးတဝက်ခန့် ဝင်သွားပြီမို့ မြင်ကွင်းဟာ ဝေဝေဝါးဝါး။ လမင်းကြီး ငါးခုရှိလေသလား။ ပါးရယ်၊ မားရယ်၊ မမရယ်၊ ဝေ့ရင်းရယ်၊ ဂိုဏ်းသားညီနောင်တွေရယ်။ ဘာကြောင့်များ သူ့ကိုပါ တပါတည်း ခေါ်မသွားရတာလဲ။ လက်စားချေမည်ဆိုသည့်စိတ်၊ ဝေ့ဝူရှန်းအား ရှာတွေ့ပါက စိတ်ရှိလက်ရှိ ရိုက်နှက်ပစ်လိုက်ဦးမည်ဆိုသည့် မျှော်လင့်ချက်များအား စွန့်လွှတ်ပစ်မည်အထိ ဆုံးဖြတ်ခဲ့ဖူးသည်။
ကျင်းလင်လေးကြောင့်သာ သူ အသက်ဆက်ရှင်နိုင်ခဲ့ခြင်းပင်။

𝐌𝐨 𝐃𝐚𝐨 𝐙𝐮 𝐒𝐡𝐢 [𝐂𝐨𝐦𝐢𝐜𝐬 & 𝐒𝐭𝐨𝐫𝐢𝐞𝐬] ♥𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃♥Where stories live. Discover now