Bangkok (3)

848 81 23
                                    
ဒီနေ့တော့ မမွန်​ ပေါက်​ကွဲချင်​တယ်​။ မြန်​မာယောက်ျားလေးတွေရဲ့ ပါးစပ်​သရမ်းတဲ့ အကျင့်​ကို ထိုင်းမှာပါ ကြုံလိုက်​ရတာ မယုံနိုင်​အောင်​ပဲ။
'အသည်းလေးက မျက်​နှာစူပုပ်​နေတာပဲ´ တဲ့။ ဆိုင်​ကယ်​ပေါ်ကနေ မောင်းမထွက်​ခင်​ မြန်​မာလို ပီပီသသကြီးကို ပြောသွားတာ။ လူတိုင်းက ကိုယ့်​ကို ထိုင်းအမျိုးသမီးလို့ ထင်​နေကြချိန်​မှာ ဒီကောင်​လေးက မြန်​မာလို့ သိစရာ မရှိဘူးထင်​တာပဲ။ တစ်​ဖက်​သား နားလည်​လည်​၊ မလည်​လည်​ ငါပြောလိုက်​ရရင်​ ပြီးရောဆိုပြီး ပြောသွားတာ။
မမွန်​ နိုင်​ငံတော်​တော်​များများရောက်​ဖူးတယ်​။ ပျမ်းမျှနဲ့ပြောရင်​ ဆယ်​နိုင်​ငံကျော်​ပါတယ်​။ တခြားနိုင်​ငံတွေမှာ မိန်းကလေးဖြစ်​ဖြစ်​၊ ယောက်ျားလေးဖြစ်​ဖြစ်​ ကိုယ်​မသိသူကို ဒီလိုမလေးမစားဆက်​ဆံပြောဆိုတာမျိုး မရှိသလောက်​ရှားတယ်​။ ၁၅ နှစ်​ကျော်​ နေဖူးတဲ့ အီတလီမှာ ဒါမျိုး ၂ ခါကြုံဖူးတယ်​။ ၁၅ နှစ်​အတွင်း ၂ ခါပါနော်​။ မြန်​မာလိုဘာသာပြန်​ရင်​ ချစ်​စရာလေးဆိုပြီးပြောသွားတာ။ (အကောင်းပြောပြော အဆိုးပြောပြော ပါးစပ်​သရမ်းတာက ပါးစပ်​သရမ်းတာပါပဲ။)
မြန်​မာနိုင်​ငံမှာနေခဲ့တဲ့ ၁၉ နှစ်​အရွယ်​အထိနဲ့ ပြန်​လာချိန်​တိုင်းကြုံရတဲ့ ပါးစပ်​သရမ်းတာတွေကတော့ ရေလို့တောင်​ မရဘူးရယ်​။ 😢
ငယ်​ငယ်​က ပိန်​တုန်းက ၀ါးပင်​တဲ့။ အခုဝလာတော့ ၀က်​တဲ့။ ၀က်​ဆီရောင်းစားမယ်​ဆိုတာကပါသေး။ မကြားဝံ့မနာသာ အောက်​ပိုင်းစကားတွေနဲ့ အော်​ပြောသွားတာတွေ၊ စောင်းပြောသွားတာတွေ၊ မကြားတကြားပြောသွားတာတွေ ခဏခဏကြုံဖူးတယ်​။
မိန်းကလေးကိုပြောပြော၊ ယောက်ျားလေးကိုပြောပြော၊ LGBT တစ်​ယောက်​ကိုပြောပြော အခြားသူတစ်​ဖက်​သားကို စိတ်​အနှောင့်​အယှက်​ဖြစ်​အောင်​ လုပ်​တာမျိုးဟာ ဂုဏ်​ယူစရာတော့ မဟုတ်​ပါဘူးနော်​။ ဒီလိုပြောလိုက်​ရလို့ ဘာအကျိုးရှိသွားလဲ။ ကျေနပ်​သွားလား။ ကျေနပ်​သွားတယ်​ဆိုရင်​တော့ ကိုယ့်​ရဲ့စိတ်​ဓာတ်​ကို ပြန်​စမ်းစစ်​ဖို့ လိုနေပြီလို့ ထင်​တာပဲ။ 😢
ပေါက်​ကွဲတာတွေများနေလို့ အစားအသောက်​အကြောင်းရေးဖို့တောင်​ မေ့တော့မယ်​။ 😅
ဘန်​ကောက်​မှာ China Town နဲ့ Khoa San Road မှာ စားချင်​စရာတွေချည်းပဲနော်​။ အသားကင်​တွေက ချိုနေတာတော့ မတတ်​နိုင်​ဘူး။ သူ့နိုင်​ငံ သူ့အကြိုက်​ကိုး။ 😁
17.12.2018

2018

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

ခရီးသွားဒိုင်ယာရီDove le storie prendono vita. Scoprilo ora