Kanchanaburi (3)

705 71 7
                                    
ဒီနေ့ပုံလေးတွေတင်​ရမှာကို ဖွားမွန်​ ကပ်​စေးကုပ်​နေပါတယ်​။ 😅
အရင်​က ခရီးသွားရင်း ကြုံခဲ့၊ တွေ့ခဲ့ရတာတွေကို စာရေးရင်​ ထည့်သုံးဖြစ်​တတ်​တယ်​။ Black Angel ရေးတုန်းက Tunisia, Philippines, Italy က နေရာတစ်​ချို့ကို ကိုယ့်​စိတ်​ကူးနဲ့ပေါင်းပြီး ဇာတ်​လမ်းနောက်​ခံနေရာတွေမှာ ထည့်ရေးဖြစ်​ခဲ့တာလေ။ ဒီနေ့သွားခဲ့တဲ့နေရာတစ်​ချို့ရယ်​၊ ချင်းမိုင်​၊ Siem reap က နေရာတစ်​ချို့ရယ်​က Pompeii အဆုံးသတ်​ပြီး Dark Angel ပြန်​ရေးတာနဲ့ ထည့်သုံးမယ်​လို့ အစောကြီးကတည်းက စဉ်းစားထားခဲ့တာ။ ဒီတော့ မမွန်​ ကပ်​စေးနဲနေတာကို နားလည်​ပေးပါလို့။ 😅

Krasae Cave and Bridge

အရမ်းလှတဲ့နေရာလေးတစ်​ခုပဲ။ မြစ်​ကမ်းဘေးက တောင်​စောင်းတစ်​လျှောက်​ မီးရထားလမ်းပေါ် လမ်းလျှောက်​ရတဲ့အရသာလေးက တကယ်​မိုက်​တာ။ အမြင့်​ကြောက်​ပြီး မူးတတ်​ရင်​တော့ သိပ်​မလွယ်​ဘူး။ လမ်းလယ်​နားလောက်​ရောက်​တော့ ရထားလမ်းကြီးက ရွေ့နေသလို တရိပ်​ရိပ်​နဲ့။ 😅

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

ခရီးသွားဒိုင်ယာရီOpowieści tętniące życiem. Odkryj je teraz