အပိုင်း ၉

282 30 0
                                    

True Martial World
.................................
Original writter...... cocooned cow

Chapter...9

ထူးဆန်းသော ခန္ဓာကိုယ် ပြောင်းလဲမှု့
..........

နာကျင်မှု့တွေက ပိုပြီးပြင်းထန်လာသည်..ရီယွမ်ရဲ့ခြေလက်တွေ လှုပ်မရတော့ပေ..နာကျင်မှု့က သူ့ရဲ့ခေါင်း နဲ့ ဝမ်းဗိုက်သို့တိုင်အောင် ပျံ့နှံ့လာသည်..စကားလည်းမပြောနိုင်တော့ပေ..ကောင်းကောင်းကြီးမြင်နိုင် ကြားနိုင်ခြင်းလည်း မရှိတော့ပေ...

သူ့ရဲ့မျက်နှာမှာ ကျန်းရှောက်ရုန်ရဲ့ မျက်ရည်တွေနဲ့ စိုနေတာကိုသာလျှင် ခံစားမိသည်..

သူမ အော်ဟစ်ငိုနေခဲ့သည်.ဒါပေမယ့် ရီယွမ်က သူမရဲ့ ပါးစပ်ကလေးလှုပ်နေတာကို ဝိုးတဝါးသာမြင်ရသည်..သူမအသံတွေ ဗလုံးဗထွးကြားနေရသည်....

ရီယွမ် လှဲနေရာမှမထနိုင်ခဲ့ပေ..သူဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် အားယူပြီးပြောလိုက်သည်.." လျန်...လျန်ချိန်ယွိ.."

ရီယွမ်ရဲ့အသံက မရှင်းလင်းသော်လည်း ကျန်းရှောင်ရုန်က အဲ့ဒါကို အဓိပ္ပါယ်ဖော်နိုင်ခဲ့သည်..
"လျန်ချိန်ယွိလား...လျန်ချိန်ယွိက မင်းကို ဒုက္ခပေးလိုက်တာလား..??"

ရီယွမ် လုံးဝကို စကားမပြောနိုင်တော့ပေ..လူသေအလောင်းကဲ့သို့ အေးစက်တောင့်တင်းမှု့တွေက သူ့ရဲ့နှလုံးသားသို့တိုင် ပျံနှံ့လာတာကို ခံစားနေရသည်...

သူ့ရဲ့နှလုံသားအေးစက်တောင့်တင်းလာနေသည်..နှလုံးခုန်သံတွေရပ်တန့်သွားပြီး သူ့ရဲ့ဘဝကလည်း ပြီးဆုံးသွားတော့မှာ..!!!

ရီယွမ် ခြောက်သွေ့နေတဲ့ ကုန်းမြေပေါ်က ငါးတစ်ကောင်လို ခံစားနေရသည်....လှုပ်လို့လဲမရ အသက်ရှူလို့လည်းမရပေ..သူလုပ်နိုင်တာအားလုံးက သေဖို့အတွက်စောင့်နေရန်သာဖြစ်နေသည်..အေးစက်တောင့်တင်းလာမှု့တွေက နှလုံးသားကို ရောက်လျှင်ရောက်ချင်း ရုတ်တရက် အေးစက်တဲ့ ခံစားချက်လေးတစ်ခု တဖြည်းဖြည်းကြီးထွားလာနေတာကို သူအာရုံရလာသည်..

အဲ့ဒီအေးစက်စက်ခံစားချက်လေးက နာကျင်မှု့တွေကို ကောင်းမွန်လာသလိုခံစားရစေသည်..သူအဲ့ဒီခံစားချက်နဲ့ ရင်းနှီးနေသလို ထင်နေမိသည်..အဲ့ဒါက ရေသန့်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အညစ်အကြေးတွေကို သန့်စင်လိုက်သလိုပါပဲ..!!!

True Martial WorldWhere stories live. Discover now