အပိုင်း ၁၀

283 31 0
                                    

True Martial World
.................................
Original writter...... cocooned cow

Chapter...10

ထူးဆန်းသော ခန္ဓာကိုယ်ရဲ့ အာရုံခံနိုင်စွမ်း
.............................................

မဖိတ်ခေါ်ဘဲ ဝင်လာတဲ့ ဧည့်သည်ကြောင့် ရီယွမ်မျက်မှောင်ကြုတ်သွားသည်..ဒီကျူးကျော်လာသူသည် ရိက္ခာဝေတဲ့ နေ့က သူတို့နဲ့ ပြဿ     နာတက်ခဲ့သောလူဖြစ်သည်..

ရီယွမ် အဲ့ဒီလူရဲ့အမည်ကိုလည်း သိခဲ့သည်..ကျောက်ထျယ်ကျူ ဖြစ်သည်..

" ရှင် ဘာလိုချင်လို့လဲ.. ?? " ကျောက်ထျယ်ကျူ  တံခါးကို တရကြမ်းတိုးဝင်လာတာမြင်ပြီးနောက် ကျန်းရှောက်ရုန်ကက အသံမာမာနဲ့ မေးလိုက်ခြင်းဖြစ်သည်... သူမရဲ့လက်တွေက စောင်အောက်ကို မသိမသာတိုးဝင်သွားသည်..ထို့နောက် စောင်အောက်မှာရှိတဲ့ မြှားကို လျှို့ဝှက်စွာ ဆုပ်ကိုင်ထားလိုက်သည်..

" ဟေး မိန်းကလေး..ဘာတွေစိုးရိမ်နေတာလဲ..?? ငါဒီကို ကိစ္စတစ်ခုရှိလို့လာခဲ့တာ..သခင်လေး လျန်ချိန်ယွိက တစ်ယောက်တည်း လေ့ကျင့် နေပြီ..တိုင်အီဘုရင့်နိုင်ငံက အရည်အချင်းစစ်စာမေးပွဲအတွက် ခရမ်းရောင်တိုက်ခိုက်သူအဆင့်ကို ရောက်ဖို့ သူ သုံးလကြာလေ့ကျင့်လိမ့်မယ်..အဲ့ဒါကြောင့်မျိုးနွယ်စုခေါင်းဆောင်က အမိန့်ချမှတ်လိုက်တယ်...မျိုးနွယ်စုမှာရှိတဲ့ လူတွေအားလုံး တောင်ကို သွားရမယ်..သခင်လေးလျန်ချိန်ယွိ လေ့ကျင့်ရာမှာ စွမ်းအားတွေဖြည့်ဖို့အတွက် ဆေးပင်တွေကို ရှာရမယ်..လူတစ်ယောက်ကို တစ်နေ့ ဆေးပင် 8အောင်စ ဆက်သရမယ်.."

" ဆေးပင် ရှာတာလား..?? စွမ်းအားဖြည့်ဖို့ရန်အတွက်လား..??" ရီယွမ် သူအရင်တုန်းက ဆေးပင်လိုက်ရှာရင်း တောင်ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့တာကို မှတ်ဥာဏ်ထဲမှာပေါ်လာသည်..အဲ့ဒီတုန်းက တိုက်ခိုက်သူတွေအတွက် စွမ်းအားဖြည့်ဖို့ရန် ဆေးပင်ရှာပေးခဲ့ရခြင်း ဖြစ်ပုံရသည်..

ကလေးတွေကို ဆေးပင်ရှာခိုင်းတာက သနားစရာကောင်းသည်..သူတို့သေဆုံးသွားခဲ့ရင် လျော်ကြေးရမည်မဟုတ်ပေ..သူတို့အတွက်ရိက္ခာတွေတောင်မှ လျော့ပေးခံရသည်..

" တစ်နေ့ကို လူတစ်ယောက် ဆေးအပင် 8 အောင်စလား..??ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..??" ကျန်းရှောက်ရုန်က ဒေါသထွက်စွာပြောလိုက်သည်.."  ဆေးပင်တွေကောက်ရမယ့်အပြင် မြှားတွေကို အချိန်မှီလုပ်ရဦးမှာမလား..??? အကာအကွယ်ပစ္စည်းတွေမရှိဘဲနဲ့ မျိုးနွယ်စုကြီးတွေက ရိက္ခာနဲ့ ဘယ်လိုလုပ် လဲရမလဲ..??? ရိက္ခာသာမရှိရင် ငါတို့ ငတ်သေလိမ့်မယ်..!!!"

True Martial WorldOnde histórias criam vida. Descubra agora