အပိုင်း ၁၃

315 32 0
                                    

True Martial World
.................................
Original writter...... cocooned cow

Chapter...13

ဆေးပင်တွေရှာဖွေခြင်းရဲ့ မမျှော်မှန်းထားသော အကျိုးကျေးဇူး
........................................

အသက်ရှင်သန်ရန် ခက်ခဲသော မြေရိုင်းလွင်ပြင်မှာ လျန်မျိုးနွယ်စု တည်ရှိသော်လည်း မျိုးနွယ်စုပိုင် ဆေးပင်ထွက်ရှိရာနေရာ တစ်ခုရှိသည်..အဲ့ဒါက လျန်မျိုးနွယ်စု ဆေးပင်တောင်ပင်..!!!

လျန်မျိးနွယ်စုဆေးပင်တောင်သည် "ယွမ်ချီ " ပမာဏ များစွာရှိနေသော နေရာဖြစ်သည်..ဆေးပင်များရှင်သန်ကြီးထွားရန်အတွက်လည်း ကောင်းမွန်သည်..လျန်မျိုးနွယ်စုဆေးပင်တောင်ကို အထွတ်အမြတ်ထားရာနေရာတစ်ခုအဖြစ်ပင် ယူဆနိုင်သည်..

သို့သော် လျန်မျိုးနွယ်စုဆေးပင်တောင်သည် ဆင်းရဲတဲ့ လျန်မျိုးနွယ်စုလေးအတွက် အထွတ်အမြတ်ထားရာနေရာတစ်ခုအဖြစ် မှတ်ယူနိုင်သော်လည်း မျိုးနွယ်စုကြီးများရဲ့အမြင်တွင် ဘာမှမရှိပေ..မြေရိုင်းလွင်ပြင်အားလုံးမှာ "ယွမ်ချီ "ပမာဏ သိပ်သည်းစွာရှိနေသော နေရာတွေ များစွာရှိသည်..

မျိုးနွယ်စုကြီးတွေက အံ့သြစရာတွေနဲ့ပြည့်နေသော နေရာများကို ရွေးချယ်နေထိုင်ကြသည်..အဲ့ဒီလိုနေရာများမှသာလျှင် တိုက်ခိုက်သူတွေ စိတ်စွမ်းအားလေ့ကျင့်ရာမှာ အကျိုးကျေးဇူးများစွာဖြစ်ထွန်းသည်...

အရေးအကြီးဆုံးအချက်က သန်မာသော desolate beasts တွေနဲ့ wild beasts တွေက  ထိုကဲ့သို့ အထွန်အမြတ်ထားရာနေရာများကို ထူးဆန်းစွာ ရှောင်ကြဉ်ကြသည်...ထို့ကြောင့် မျိုးနွယ်စု လုံခြုံရေးအတွက် စိတ်ချရသည်..

သို့သော် ဒဏ်ရာရနေသော သို့မဟုတ် သက်သက်ရန်စသော desolate beats တွေ ကို အထွတ်အမြတ်ထားရာနေရာများတွင် ရှားရှားပါးပါးတွေ့ရတတ်သည်..

အရာရာတိုင်း အကောင်းနဲ့အဆိုးရှိသည်..desolate beasts တွေရန်မှ ကာကွယ်နိုင်သော်လည်း အထွတ်အမြတ်ထားရာနေရာ အနီးတဝိုက်တွင် တောကောင်အရေအတွက် လျော့နည်းသွားသည်...အစပိုင်း၌ ယုန်များ သမင်ဒရယ်များကိုသာ အမဲလိုက်ခဲ့ကြသောကြောင့် နောက်ပိုင်းတွင် အမဲလိုက်ရတာမလွယ်ကူတော့ပေ..

True Martial WorldDonde viven las historias. Descúbrelo ahora