Chapter-1 ဘဝသစ် ( Part-2 )

1.6K 209 0
                                    

သူရဲ့သေးငယ်တဲ့ကိုယ်ခန္ဓာကြောင့်အလုပ်ကြမ်းတွေမလုပ်နိုင်ဘူး ဆောက်လုပ်ရေးအလုပ်တွေမှာအလုပ်လျောက်ထားပေမယ့်လည်းဘယ်သူမှသူ့ကိုအလုပ်မခန့်ချင်ကြဘူး နောက်ဆုံးတော့ Bar တစ်ခုကစားပွဲထိုးနေရာမှာဝင်လုပ်ခဲ့ရသည် သို့ပေမယ့်ထိုBarကမိန်းကလေးတွေသာအလုပ်ခန့်တာမို့လို့မိန်းကလေးလိုဝတ်ဆင်ခဲ့ရသည်

သူ့မိန်းမကိုသူမကြိုက်တဲ့အချက်ကသူ့ရဲ့မကောင်းတဲ့အပြုအမူဖြစ်သည် အမြဲတမ်းကြွားပြီးတော့သူလိုချင်တဲ့အရာတိုင်းတောင်းဆိုတတ်သည် သူမဖြည့်ဆည်းပေးနိုင်တာတွေဆိုငြင်းရမှာပဲ ဒါပေမယ့်အခုထက်ထိတော့ယောင်းမင်ကတစ်ခုခုတောင်းဆိုဖို့အရမ်းသတိထားနေသေးသည် သူ့ကိုလက်ထပ်ပြီးတဲ့အခါယောင်းမင်ပျက်စီးနေတဲ့လူဖြစ်လာနိုင်သည် ဒါပေမယ့်သူသိခဲ့ရတာကသူ့မိန်းမကယောကျာ်းတစ်ယောက်ဖြစ်နေပေမယ့်ကောင်းတာပါပဲ သူ့ရဲ့ပိုက်ဆံတွေကိုသုံးပေမယ့် ကောင်းတဲ့နေရာတွေမှာပဲသုံးသည် သူ့သူငယ်ချင်းတွေနဲ့လည်းလျှောက်သွားမနေဘူး သူ့ဆီကရတဲ့ပိုက်ဆံတွေကိုအများကြီးသုံးပစ်တယ်ဆိုတာကလည်း အိမ်အတွက်လိုအပ်တဲ့အရာတွေဝယ်တဲ့နေရာမှာပဲသုံးတာဖြစ်သည်

"အဆင်ပြေပါတယ်" ထယ်ဟန်အားပျော့နေတဲ့အသံနဲ့ဖြေလာသည်

"ဘာမှမမှတ်မိဘူးလား" ယောင်းရှန်းထပ်မေးလိုက်သည်

ထယ်ဟန်ခေါင်းခါလိုက်သည် သူအတိတ်မမေ့ပါဘူး ဒါပေမယ့်လူဝင်စားလာတာ အခြားလူတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာတာ  သူမှတ်ဥာဏ်တွေမပျောက်သွားပေမယ့် ယခုလက်ရှိဘဝကမှတ်ဥာဏ်တွေသူတစ်ခုမှမသိဘူး ဒီနှစ်ခုကတော်တော်ခြားနားသည်

"နောက်တော့တဖြည်းဖြည်းမှတ်မိလာမှာပါ အခုတော့ကိုယ့်ကိုယ်ကိုသိပ်ဖိအားများပြီးအပင်ပန်းမခံနဲ့ ပြန်မှတ်မိဖို့နည်းနည်းတော့အချိန်ယူရမှာပေါ့" ယောင်းရှန်း ယောင်းမင်ကိုသိပ်မကြိုက်ပေမယ့်လည်း မုန်းမလည်းမမုန်းရက်ပါဘူး ယောင်းအုပ်စု( ယောင်းGroup )မှာဒုဥက္ကအဖြစ်ဆက်နေလို့ရအောင်ယောင်းမင်ကကူညီပေးခဲ့တာ အဲ့လိုသာသူမကူညီခဲ့ရင်အခုဆိုသူစိတ်သောကရောက်နေရပြီး သူ့နေရာလည်းတစ်ခြားသူလက်ထဲပါသွားလောက်ပြီ

Love Him Till Eternity ( Myanmar Translation )Where stories live. Discover now