Chapter-3 ရင်းနှီးတဲ့Cross-dresserသူငယ်ချင်းတစ်ယောက်

1.1K 184 4
                                    

"ကျေးဇူးပါဘုရားသခင် နင်နိုးလာပြီပဲရမ်းသတိရနေတာ စိတ်ထဲမှာအမြဲတမ်းရှိနေတာမေ့မရခဲ့ဘူး"

"ဘယ်သူလဲမသိဘူး"ထယ်ဟန်သိချင်စိတ်ဖြင့်မေးလိုက်သည် ထိုလူကသိပ်ချောတဲ့ယောကျာ်းလေးတစ်ယောက်အဲသိပ်လှတဲ့သူလို့လဲပြောလို့ရတယ် သို့ပေမယ့်ထိုသူကမိန်းမအကျီ င်္ကိုဝတ်ဆင်ထားသည် မေးခွန်းတစ်ချို့ခေါင်းထဲတွင်ပျံဝဲလာသည်

"ဝမ်းနည်းစရာပဲ ဘယ်လိုလုပ်သူငယ်ချင်းအရင်းကြီးကိုမေ့နိုင်ရတာလဲ?ထိုလူသည်သူ၏လက်များကိုထယ်ဟန်ရဲ့ခါးတွင်ရစ်ပတ်လိုက်ပြီးစိတ်ဆိုးနေတဲ့အမူအရာမျိုးလုပ်ပြနေသည် ဒါပေမယ့်လည်းနှုတ်ခမ်းဖျားကအပေါ်သို့ကော့တက်နေသယောင် ထယ်ဟန်ထိုအပြုအမူကိုဒေါသမဖြစ်ခဲ့ပါဘူး သူရှေ့ကလူဘာကြောင့်ဒီလိုလုပ်နေတယ်ဆိုတာသူနားလည်လို့ပါပဲ ထိုသူကယောင်းမင်အကြောင်းအကုန်သိလို့ဖြစ်တာကြောင့်ရယ် သူကထိုသူကိုစာနာမိတာကြောင့်လည်းပါသည် အကယ်၍သူသာယောင်းရှန်းနဲ့မတွေ့ခဲ့ဘူးဆိုရင်ဒီလိုကိစ္စတွေလည်းဖြစ်လာမှာမဟုတ်ဘူးလေ

"တောင်းပန်ပါတယ် အရင်ကအဖြစ်အပျက်တွေကိုသတိမရတော့လို့ပါ"

"သနားဖို့ကောင်းလိုက်တာယောင်းမင်ရယ် ကောင်းပြီငါနင့်ကိုအတင်းသတိမရခိုင်းပါဘူး နောက်ကျမှအကုန်ပြန်ရှင်းပြလို့ရတာပဲမပြောပြခင်ငါတို့ဒီကြက်ကြော်စားကျမလား ထမင်းစားပြီးပြီလား?" ထိုသူကလက်မှာကိုင်လာတဲ့ပလတ်စတစ်အိပ်ကိုပြလာသည် ထိုအရသာရှိတဲ့ကြက်ကြော်ကိုမြင်လိုက်ရတဲ့အခါ ထယ်ဟန်မျက်လုံးတွေအရောင်တောက်လာသည် ထယ်ဟန်ကံကောင်းသည်ဗိုက်ဆာနေတဲ့အချိန်နဲ့တိုးတာ

ကံကောင်းလိုက်တာ ဒါဆိုငါကိုယ့်ဘာသာချက်စားစရာမလိုတော့ဘူး ထိုသူကသူ့ကိုယ်သူ လီရိုနာ ဟုမိတ်ဆက်သည် သူကမော်ဒယ်အလုပ်အတွက် Cross-dresser လုပ်နေခြင်းဖြစ်သည် သူကနာမည်ကြီးမော်ဒယ်လို့သူ့ကိုယ်သူပြောသည် ပြီးတော့အေဂျင်စီအသေးစားလေးမှာအလုပ်လုပ်နေသည်ဟုပြောသည် ၄င်းရဲ့အေဂျင်စီမှာတစ်ခြားအေဂျင်စီတွေလိုမကြီးပေမယ့်လည်း သူကထိုနေရာမှာအကြိုက်အခံရဆုံးဖြစ်သည် ဒါ့ကြောင့်အမြဲတမ်းဓာတ်ပုံရိုက်ရတာနဲ့အလုပ်များနေပြီးတစ်ခါတစ်ရံဆိုအလုပ်အရမ်းများလို့အိပ်ရေးကောင်းကောင်းမဝတဲ့ညတွေလည်းရှိသည်

Love Him Till Eternity ( Myanmar Translation )Where stories live. Discover now