Chapter-4 သူရောက်လာသည်

1.1K 186 12
                                    

လီရိုနာကြက်ကြော်စားပြီးတော့ပြန်သွားခဲ့သည် နောက်တစ်ခေါက်ထပ်လာဦးမယ်ဟုလည်းပြောသွားသေးသည် ထယ်ဟန်အစကလီရိုနာကိာအထက်စီးဆန်ပြီးမာနကြီးတဲ့သူလို့ထင်ထားတာဒါပေမယ့်သူမှားယွင်းခဲ့သည် လီရိုနာကလူကောင်းတစ်ယောက်ပါ သူကမိန်းမဆန်တဲ့သိမ်မွေ့တဲ့ခန္ဓာကိုယ်အချိုးအစားရှိယုံသာမကပဲစိတ်ဓာတ်ကလည်းသူ့ပုံပန်းသွင်ပြင်နဲ့လိုက်ဖက်စွာသိမ်မွေ့နေသည်  ဒီခန္ဓာကိုယ်ပိုင်ရှင်ကသူငယ်ချင်းကောင်းကိုရွေးချယ်ခဲ့နိုင်တာပဲ သူ့မှာမိသားစုမရှိပေမယ့် နှလုံးသားလှတဲ့သူငယ်ချင်းရှိသည် ထိုအခွင့်အရေးအတွက်သူစိတ်ချမ်းသာသင့်သည်

ထို့နောက်ထယ်ဟန်သူ့သူငယ်ချင်းတွေကိုသတိရမိသည် သ့ရဲ့ရင်းနှီးတဲ့သူငယ်ချင်း ဟွမ်ဂျောင်ဆိုလျှင်လီရိုနာနဲ့တူသည် ရိုင်းရိုင်းဆိုင်းဆိုင်းပြောဆိုပေမယ့်စိတ်ထားကောင်းတဲ့သူမျိုး နောက်ယိုဂျင်ဆော့ဆိုလျင်တောင့်တင်းတဲ့နောက်ခံရှိတဲ့မိသားစုမှဖြစ်ပြီးPHdဘွဲ့အထိဆက်တတ်ခဲ့သူဖြစ်သည် လုံ့လဝီရိယရှိပြီးအကောင်းမြင်တတ်တဲ့အတွက်လူတိုင်းကသူ့ကိုချစ်ကြသည်

တံခါးခေါက်သံတစ်ခုကြောင့်ထယ်ဟန်ရဲ့အတွေးစများပျက်တောက်သွားခဲ့ရသည် လီရိုနာကအခုလေးတင်ပြန်သွားတာဆိုတော့ဘယ်သူလာတာလဲ…?

ထယ်ဟန်ဖြေးညှင်းစွာဖြင့်တံခါးဆီသို့သွားလိုက်သည် သူတံခါးကိုဖွင့်လိုက်သည့်အခါရင်းနှီးနေတဲ့မျက်နှာတစ်ခုသူ့မျက်လုံးရှေ့တွင်ပေါ်သည်

"ယောင်းရှန်း?!" ထယ်ဟန်မျက်ခုံးများကိုတွန့်ခြေလိုက်သည် သူ့ယောကျာ်းဖြစ်သူလာမည်ဟုမထင်ထားသောကြောင့်ဖြစ်သည်

သူ့သက်တော်စောင့်တွေပြောတော့အလုပ်ကိစ္စနဲ့ခရီးသွားစရာရှိတယ်ဆိုပြီးတော့ဘယ်လိုလုပ်ဒီရောက်လာတာလဲ?

ယောင်းရှန်းယောင်းမင်ရဲ့ခြေထောက်ဆီသို့ကြည့်လိုက်သည်

"လမ်းလျှောက်နိုင်ရဲ့လား?"

"အင်းလျှောက်နိုင်ပါတယ်ချိုင်းထောက်တော့သုံးရတာပေါ့"ထယ်ဟန်တိုးညှင်းစွာဖြေလိုက်သည် ယောင်းရှန်းသူ့အခြေအနေကိုမေးနေတာကထူးဆန်းနေတယ်လို့ခံစားမိနေသည်

Love Him Till Eternity ( Myanmar Translation )Where stories live. Discover now