( ၁ ) (U+Z)

4.8K 234 1
                                    

Uni....




ကာယံကံရှင်ထက် တစ်ပါးသူတစ်ယောက်ကပိုပြီးရင်ခုန်ရတယ်ဆိုတဲ့အဖြစ်ကို ရှင်းသန့်နောင် တစ်ယောက် နဖူးတွေ့ဒူးတွေ့ကိုယ်တိုင်ကြုံလိုက်ရမှ မိမိအလှည့်တွင် မိဘနှစ်ပါးလုံး ဘယ်လောက်တောင်စိတ်လှုပ်ရှားခဲ့ရတယ်ဆိုတာကို သိလိုက်ရသည်။

အိမ်ထဲတွင်ထိုင်စောင့်နေပါသော်လည်း မနက်သုံးနာရီထဲက စက်ဘီးတစ်စီးနဲ့ထွက်သွားတဲ့ ညီငယ့်ကို ခြံဝထိထွက်စောင့်နေရတာတောင်မှ အရိပ်လေးတောင်မမြင်မိသေး။ စာတော်လွန်းသည်မို့ စာမေးပွဲမကျနိုင်ဟုတွေးမိပါသော်လည်း မတော်တဆဆိုတာမျိုးလည်းရှိတက်တာကြောင့် ခံစားမှုတို့ကအစိုးမရ။

လမ်းနားပတ်ဝန်းကျင်ရှိ တခြားကလေးတွေတစ်သိုက်ပြန်လာကျပြီဖြစ်သလို၊ ခံစားချက်တွေစုံနေတဲ့ မျက်နှာသွင်ပြင်၊ မိဘတချို့ရဲ့ အားပေးနေတဲ့အသံလေးတွေ၊ ဆူပူသံတွေက အချိန်ရလာတာနဲ့အမျှကြားလာရပေမယ့် ညီရဲ့ပုံရိပ်ကို အခုထိသူမမြင်ရသေး။

ကျစ် ဒီကလေး မဟုတ်မှ စာမေးပွဲကျလို့ အရက်တွေသောက်နေလားမသိ။ စာတော်တယ်ဆိုတာသိပေမယ့် မဟုတ်မှဆိုတဲ့ စိတ်ကလေးကဝင်လာသည်မို့ ဖြောင့်ဖျဖို့စကားလုံးတို့ကစီထားပြီးသား။

" ကိုကြီးရေ ကိုကြီး ကျွန်တော်လေ ကျွန်တော်"

လမ်းချိုးထဲဝင်လာတာနဲ့ အော်ခေါ်သံနဲ့အတူ ကိုယ့်အနားကို လျှင်လျှင်မြန်မြန်ရောက်လာပြီး စက်ဘီးကို ပစ်ချလို့ ရင်ခွင်ထဲမောပန်းတစ်ကြီးနဲ့တိုးဝင်လာတဲ့ ညီငယ်၊ အဖြေကမသိရသေး ရင်တွေပူလှသည်။ တစ်ခုခုဆိုအားပေးဖို့အတွက် စီထားတဲ့စကားလုံးတို့ကို ပြန်လည်အစဖော်ရသေးသည်။

" ကိုကြီး ကျွန်တော်လေ"

ခါးကိုအတင်းဖက်လို့ ရင်ခွင်ထဲကမထွက်တဲ့ ညီငယ်ကြောင့် ပိုစိုးရိမ်လာရသည်။

" ဘာမှမဖြစ်ဘူး ညီ၊ ရတယ် ဘယ်လိုရလာဒ်ပဲဖြစ်ဖြစ် ကိုကြီးလက်ခံနိုင်တယ်၊ ဒါကြောင့် စိတ်အေးအေးထားပြီး ပြောနော်။"

1500+528 ၀ဋ် ( U+Z)Where stories live. Discover now