( ၅ ) (U+Z)

2.4K 164 1
                                    

Uni...



အချိန်စောနေသေးတယ်ဆိုပေမယ့် ဖြစ်ချိန်တန်လို့ဖြစ်လာရတဲ့ ဆက်ဆံရေးတစ်ခုလို့သာ တွေးထားသည်။ အရင်က အပူက အငယ်တွေရဲ့ကျောင်းစရိတ်နဲ့နေနိုင်စားသောက်ဖို့လုံလောက်ရုံသာ။

အခုတော့ လူဦးရေတိုးလာမလားမသိတဲ့ အခြေအနေရယ်မို့ အရင်ထက် ဝင်ငွေပိုရှာရတော့သည်။ နောက်ပြီး ကိုယ့်ဘက်က သားရှင်ဖြစ်နေတာကြောင့် ငွေဆိုတာ အနည်းအများတော့ကုန်မှာပင်၊ တစ်ဖက်လူတွေအနေနဲ့ကြည့်မယ်ဆိုရင်လည်း ကိုယ့်သားသမီးကို ကောင်းစားစေချင်တာမို့ ကိုယ်တွေဘက်က ပံ့ပိုးပေးနိုင်တာကိုလည်း ပြရမည်သာ။

အကြီးတစ်ယောက်အနေနဲ့ အငယ်တွေကို သူလုပ်ပေးနိုင်သလောက်တော့ ကြိုးစားပြီးဖြည့်ဆည်းပေးချင်တဲ့ စိတ်လေးတစ်ခုရယ်သာ။

ကြိုးစားပေမယ့်လည်း ဒီနေ့ ကားဆွဲတာ အဆင်မပြေတာကြောင့် Customer ကိုရှာရင်းနဲ့ အိမ်သို့နောက်ကျမှပြန်ရောက်သည်။ အိမ်ပြန်နောက်ကျဖြစ်တာကြောင့် အငယ်တွေကို မစောင့်ခိုင်းတော့ပဲ သီးသန့်သာ စားဖြစ်သည်။ရေမိုးချိုးပြီး စားသောက်ပြီးနောက် တစ်နေ့တာဝင်ငွေတွေခွဲနေတုန်း ညီက အနားသို့ရောက်လာကာ။

" အစ်ကို မနက်ဖြန်တစ်ရက် ကားမဆွဲပါနဲ့လား"

" ဟင်. ဘာဖြစ်လို့လဲ ညီ"

" ဟို ကျွန်တော် ပျိုမေ့ကို အစ်ကိုနဲ့ ပေးတွေ့ချင်လို့"

" ဟင် တကယ်လား ညီ"

" ဟုတ် ကျွန်တော် သူ့ကို ပြောထားတယ် သူလည်း အစ်ကို့ကို တွေ့ချင်တယ်တဲ့"

တစ်ဖက်ကုလားထိုင်မှာထိုင်ရင်း မလုံမလဲပုံစံနဲ့ ပြောနေတဲ့ ညီကြောင့်။

" ဘာလဲ ငါ့ညီက အစ်ကို့ကို ရှက်နေတာလား"

" မဟုတ် ကျွန်တော်"

" အာ ရပြီ ရပြီ၊ ဒါဆို အစ်ကို ချက်ပြုတ်ထားမယ် အိမ်မှာနေ့လည်စာလည်း ကျွေးရင်းနဲ့ ဆိုရင်ကော ကောင်မလေးဘက် အဆင်ပြေလောက်လား ညီ မဟုတ်ရင် အစ်ကို အပြင်မှာ ချိန်းပေးရမလား"

" ဟာ အစ်ကိုရာ အကုန်ကျများမယ် နောက်ပြီး မလုပ်ပါနဲ့ အစ်ကို ပင်ပန်းနေပါ့မယ်"

1500+528 ၀ဋ် ( U+Z)Where stories live. Discover now