( ၂ )(U+Z)

3K 186 1
                                    


Uni..


နေပူစပ်ခါး ဆိုက်ကားဂိတ်ထဲဝင်ပြီးနောက် အနီးရှိသောက်ရေအိုးစင်မှရေကို အငမ်းမရသောက်မိသည်အထိ တနေ့တာရဲ့အစပျိုးမှုတွေ၊ တစ်ခါတစ်လေကျရင်လည်း ပင်ပန်းလိုက်တာဟုဆိုကာ မိဘနှစ်ပါးရဲ့ရင်ခွင်ထဲတိုးဝင်ချင်မိသည့်အထိ။

သို့ပေမယ့်လည်း မဖြစ်နိုင်တော့တဲ့စိတ်ကူးမို့ မတောင့်တရဲ။ ကိုယ့်ရဲ့စကားကြောင့် ညီငယ်က ဆေးကျောင်းတက်နေပြီဆိုတော့ လမ်းစရိတ်၊ အသုံးစရိတ်တို့လောက်ငအောင် ပေးနိုင်ဖို့ကြိုးစားရသည်။ အခုချိန် ဘယ်သူ့မှထမင်းချိုင့်မထည့်တော့။ ညီငယ်ဖြစ်သူက ရပါတယ်ပြောသော်လည်း သူများနဲ့တန်းတူဖြစ်အောင်တော့ ပေးရသည်။

အငယ်မလေးကတော့ အရွယ်နဲ့မမျှသိတက်စွာပင် ကိုလေးကိုသာ အဓိကထားပါ၊ ဖြူက အခုချိန်ထိတော့ ကိုယ့်ဘာကိုယ်ကြိုးစားကြည့်ချင်သေးတယ်ဆိုတာကြောင့် ကျူရှင်မထားဖြစ်သေး။

စဉ်းစားမှုတွေက သောကတွေသာ တိုးလာတာပင်။

" ဟူးး.."

" ရှင်းသန့်...သက်ပြင်းတွေချလှချည်လားကွ"

" ဒီလိုပဲပေါ့ဗျာ"

" မင်း အခုလို ဆိုက်ကားနင်းတဲ့ ဝင်ငွေနဲ့ အဆင်မပြေဘူးမို့လား"

" ဟုတ်တယ်ဗျာ၊ ညီရဲ့ ကျောင်းစရိတ်က ပြောသာပြောတာ ကုန်ကျစရိတ်များတယ်ဗျ၊ လမ်းစရိတ် စားစရိတ်နဲ့ အခြားလိုတာတွေလည်း ရှိသေးတယ်ဗျ၊ ညီ့ဘက်ကအလိုက်သိပေမယ့် ခေတ်ကာလအရ အများနည်းတူတော့ ဖြစ်စေချင်တယ်ဗျာ"

" မင်း ကား မောင်းတက်တယ်မှတ်လား၊ ငါ အသိတစ်ယောက်ရှိတယ်၊ သူတို့ကားကို Taxi ဆွဲစားချင်လို့တဲ့၊ ငါ့ကို ပြောဖူးတယ် ငါက တစ်ခြားသူတွေမစပ်ပေးချင်လို့ မင်းဆိုရင်တော့ အဆင်ပြေလောက်မှာပါ"

" ဗျာ တကယ်လား"

" အေး တစ်ကယ်"

" ဒါ ဒါပေမယ့် ကျွန်တော် နည်းနည်းတောင်ကြာနေပြီဆိုတော့"

" အော် မင်းကလည်းကွာ ဒီလိုပဲ စမ်းမောင်းကြည့်ပေါ့ အခုလို နေပူကျဲတဲမှာ ဆိုက်ကား နင်းတာထက်စာရင် မင်းပဲ ပိုက်ဆံပိုရတယ်ဆို မဟုတ်ဘူးလား။ နောက်ပြီး အိမ်ရှင်တွေက သဘောကောင်းတယ် အုံနာကြေးကလည်း အခြားသူတွေထက်စာရင် သက်သာတယ်ကွ...ဒါကြောင့်ပြောနေတာ"

1500+528 ၀ဋ် ( U+Z)Unde poveștirile trăiesc. Descoperă acum