Six.

3.5K 374 44
                                    

Uni Code

'Cancer'
[ကင်ဆာရောဂါ]

                                   X

ဟိုးအမြင့်ဆုံးကိုဆွဲခေါ်သွားလိုက် .. ဟိုးအောက်ဆုံးအထိထိုးနှက်ပစ်လိုက်နဲ့ Seulgi ချစ်တဲ့ Irene က သက်ရှိလူသတ်စက်ရုပ်တစ်ရုပ် ဒါမှမဟုတ်လည်း ဓားကိုင်ထားတဲ့ဘိုမရုပ်လေးတစ်ရုပ် ။

ပြန်အဆင်ပြေသွားကြလေသတည်းဆိုတာရဲ့ နောက်ကွယ်မှာ ဒဏ်ရာတွေဟာနာကျင်မှုနှုန်း တရိပ်ရိပ်နဲ့မြင့်တက်လာတယ် ။ ကော်ရစ်တာမှာရုတ်တရက်တွေ့တဲ့ နှစ်ယောက်တွဲပုံရိပ်တစ်ချို့ကို မျက်ကွယ်ပြုရင်း တစ်ခါတစ်လေကျတော့လည်း အတွင်းစိတ်ကို မျက်နှာပြောင်တိုက်ပြီး အဲ့မျက်နှာလှလှကို တစ်ခဏပဲဖြစ်ဖြစ် သွားငေးမောသေးတာ ။

Irene က Seulgi ဆီရောက်လာတတ်ပါတယ်။ နေ့လည်စာစားချိန်မျိုးပဲဖြစ်ဖြစ် အိမ်ပြန်ခါနီးပဲဖြစ်ဖြစ် သူအားနေတဲ့အချိန်မျိုးမှာတောင် Seulgi ဆီကို မဖြစ်ဖြစ်အောင်ရောက်လာတတ်ပေမယ့် အချိန်တော်တော်များများမှာ Seulgi ကတော့ Irene ကိုအကြောင်းပြချက်တွေပေးပြီး စိတ်ထဲကမပါဘဲငြင်းနေလေရဲ့ ။ Jimin တစ်ယောက်တည်းဖြစ်နေလို့ ..၊ စာကြည့်တိုက်သွားရမှာမို့ .. ၊အကလေ့ကျင့်စရာရှိလို့ .. ။ စတာ .. စတာတွေ ။

ဘာလို့လဲဆိုရင် Seulgi ဟာ ကြောက်တယ် ။

ဘယ်တုန်းကမှ နေရာပေးခြင်းမခံရဖူးတော့ အခုလိုမျိုး Irene က Seulgi အတွက် နေရာတစ်နေရာပေးတဲ့အခါ ဒီနေရာမှာတင် မရပ်တန့်နိုင်ဘဲ Irene ရဲ့ကမ္ဘာလေးကို ဖျက်ဆီးနှောင့်ယှက်မိမှာ Seulgi ကြောက်တယ်။ ထိန်းချုပ်ဖို့ခက်လွန်းအားမကြီးခင် ဇာတ်လမ်းကိုကြိုအဆုံးသတ်ထားတာ အကောင်းဆုံးဖြစ်မယ်လို့ Seulgi ထင်တယ်။

ဒါကြောင့် အတတ်နိုင်ဆုံးသိပ်မသိသာအောင် Irene ဆီကနေ ခပ်ခွာခွာနေဖို့ကြိုးစားတယ် ။ ဒါပေမယ့် Seulgi ရဲ့ပုံပြင်က ပင့်ကူအိမ်မှာမှ ငြိတွယ်မိနေတဲ့ ခပ်နုံနုံပိုးကောင်တစ်ကောင်လို ။

သတိရလွန်းအားကြီးတဲ့စိတ်နဲ့ Irene သူ့ဆီကို ဖုန်းခေါ်ချိန်များတိုက်ဆိုင်သွားလို့ရှိရင် အခုဆိုအခု ဒီနေရာကိုလာဆိုလည်း လာတာပဲ၊ ဒီမှာတွေ့ရအောင်ဆိုလည်း အဆင်သင့်ဖြစ်နေတာပဲ။

The Next PersonWhere stories live. Discover now