Sehun နိုးလာတော့ ဘေးမှာ Chanyeolက Sehunလက်ကလေးကို ဆုပ်ကိုင်လို့ အိပ်ပျော်နေသည်...။
Sehun
မနိုးအောင် လက်ကို အသာ ဆွဲထုတ်ပေမဲ့ အအိပ်မက်တဲ့Chanyeolက တစ်ခါထဲ တန်းနိုးလာသည်။
"SeSeလေး သတိရလာပီလား "
ပြောရင်း နှဖူးကို လာစမ်းတဲ့Chanyeol...
"မဖျားတော့ဘူးပဲ... "
ချက်ခြင်း ပဲ အခန်းပြင်ကို ပြေးထွက်သွားပြန်သည်..။
ပြန်ဝင်လာတော့ ဘေးမှာ ဆရာဝန်တွေပါ ပါလာသည်။ ကြည့်ရတာ ဆရာဝန်သွားပြေးခေါ်ခဲ့ပုံ..။ နှဖူးမှာလဲ ချွေးတွေနဲ့။
"သူက ရိုးရိုးဖျားတာပဲဆိုတော့ ညနေကျရင် ဆေးရုံးဆင်းလို့ရပါပီ "
"တကယ် ရပီလားဆရာ သူသက်သာတာ သေချာရဲ့လား"
ဆရာဝန်က သက်သာပါပီဆို ဆရာဝန်ကို သွားဆရာလုပ်နေတဲ့ park Chanyeol လေး..။
"တကယ် သက်သာတာပါဗျာ...
ဒါနဲ့ Oh sehunရှီး ခင်ဗျာ ယောင်္ကျားက ခင်ဗျားကို အရမ်းချစ်တာပဲနော်
အားကျတယ်ဗျာ "
ဆရာဝန် စကားကြောင့် Chanyeol မျက်နာ က ပြုံးစိစိနဲ့..
Sehunကတော့ ရှက်လွန်းလွန်းလို့ ခေါင်းငုံထားတာ ပြန်မော့မလာတော့...
"ကဲ ဒါဆို ဆရာသွားတော့မယ်
Oh sehun ရှီး ခင်ဗျား ဟိုကိစ္စကို ဘယ်လောက် ထိ ဖုံးထားမှာလဲ
ကြာရင် ဖုံးမရဘူးနော် ခုထဲက ပြောပြထားလိုက်ပါ
ဒါရှက်စရာ မဟုတ်ပါဘူး.."
ဟင် ဆရာဝန် က Sehunကို ဘာတွေပြောနေတာလဲ?
Sehunကရော သူ့ကို ဘာတွေ ဖုံးကွယ်ထားတာလဲ?
တောက်စ်...
ဆရာဝန် ထွက်သွားပီးချင်း Chanyeol တစ်ယောက် Sehun ပုခုံးကို အတင်း လှုပ်ရမ်းကာ
"Sehun မင်းငါ့ကို ဘာဖုံးကွယ်ထားတာလဲ? "
Chanyeol ကို ပြောလဲ ပြောချင် ပြောလဲမပြောရဲ🙃
ရှက်တယ် Chanyeol နားကားကောင်ရဲ့😒
Sehunမပြောရင်လဲ Chanyeolက သူ့ကို အထင်လွဲဦးမည်...