20💔

3.1K 273 61
                                    

အိမ်ပေါ်ကို တတ်ခဲ့လိုက်ပီး မနက်ဖြန် ခရီးထွက်ဖို့ ပြင်ဆင်လိုက်သည်။ လေယာဉ်လက်မှတ်လဲ ခုနလေးကမှ ဖြတ်လိုက်တာမို့ အားလုံးအဆင်သင့်။

ချန်းယောလ် မာနက ဆယ်ဟွန်းနောက် လိုက်ဖို့ ခွင့်မပြုပေမဲ့ ချန်းယောလ် ခန္ဓာကိုယ်ကြီးက ဆယ်ဟွန်းနောက်လိုက်ဖို့ အသင့်မို့...။

မာနကခွင့်မပြုလဲ ခန္ဓာကိုယ်ကြီးကခွင့်ပြုရင်ပီးပီးပေါ့...။

မားမားတို့အကူအညီနှင့် ဆယ်ဟွန်းလေယာဉ်ချိန်သိပြီးပြီမို့ နောက်က လိုက်သွားရုံပင်...။
ဆယ်ဟွန်းနေမဲ့ သူ့ဒေါ်ဒေါ်တို့အိမ်ကိုပင် ချန်းယောလ် ပါမဲ့အကြောင်း မားမားတို့က တစ်ဆင့် ပြောခိုင်းပီးသား..။

မတတ်နိုင်ဘူးလေ။ ကိုယ်က ချစ်တဲ့သူကို...။

လေယာဉ်ချိန်နီးတဲ့ထိပေါ်မလာသေးတဲ့ ဆယ်ဟွန်းကို စောင့်ရတာ လည်ပင်တောင် ရှည်ချင်နေပီ။

ရုပ်ဖျက်တဲ့ အနေနဲ့ မာဖလာကိုခေါင်းပေါ်မှာ ခြုံထားလိုက်ပီး နေကာမျက်မှန်ပါ တပ်ထားတာကြောင့် မသိရင် idolတစ်ယောက် ရုပ်ဖျက်ထားသလို။

လူတိုင်းက လှည့်ကြည့်လှည့်ကြည့်နှင့်။

တကယ်ဆို idolထက်ကို ချန်းယောလ်က ချောတာ အမှန်တရားပဲလေ...။

ချန်းယောလ်အတွေးတွေနှင့်ဆန့်ကျင့်ဘက်ပင် လူတစ်ချို့က သူ့ကို အရူးလို သတ်မှတ်ပီး အထူးအဆန်းကြည့်သွားကြလေရဲ..။

ဆယ်ဟွန်း မလှမ်းချင် လှမ်းချင်ခြေလှမ်းများနဲ့ လေယာဉ်ကွင်းထဲမှာ လျှောက်နေမိသည်..။

ချန်းယောလ်ကို phဆက်ရင်ကောင်းမလား?

"မကြာမီ လေယာဉ်ထွက်ခွာတော့မှာ...
"

လေယာဉ်ထွက်ခွာဖို့ ကြောညာချိန်ထိ ဆယ်ဟွန်း phဆက်သင့် မဆက်သင့်စဉ်းစားနေဆဲ့...။

တော်...သစ္စာမရှိတဲ့ယောက်ျားတွေကို မုန်းတယ်...။

Phကို စက်ပိတ်လိုက်ပီး လေယာဉ်ပေါ်တတ်ကာ နေရာမှာပဲ ဝင်ထိုင်ရင်း နာကျပ်တတ်လို့ အိပ်ပြစ်လိုက်သည်..။

ဘေးမှာ ဘယ်သူဝင်ထိုင်လိုက်တယ်ဆိုတာတောင် မသိတော့ပဲ။

ချန်းယောလ် ဘေးခုံမှာ ဝင်ထိုင်ရင်း အိပ်ပျော်နေတဲ့ ကောင်လေးကို ထိုင်ငေးနေလိုက်သည်..။

အိပ်နေတာတောင် နှုတ်ခမ်းလေးက ဆူထော်လို့...။ အိမ်မက်ထဲမှာ ချန်းယောလ်ကို စိတ်ကောက်နေသလားမသိ။

အိပ်ပျော်နေတဲ့ကောင်လေးရဲ့ခေါင်းက မငြိမ်ပဲ ဟိုရိမ်းဒီရိမ်းဖြစ်တာ ပုံမှန်ပဲမလား...။

ဒီတိုင်း တစ်စိမ့်စိမ့်ထိုင်ကြည့်နေတာက ဆယ်ဟွန်း ကိုခေါင်းနာစေလိမ့်မည်။

ချန်းယောလ်ကပဲ အနစ်နာခံပီး ပုခုံး ငှါးလိုက်ပါမယ်လေ...။

ငှါးခအနေနဲ့ နှုတ်ခမ်းလေးကို ခပ်ဖွဖွလေး နမ်းလိုက်သေး၏။ လွမ်းနေရတဲ့ နှုတ်ခမ်းလေးကို လွှတ်တောင်မပေးချင်။

အခွင့်ရေးယူသလိုများ ဖြစ်သွားလား?

ကိုယ့်ယောင်္ကျားကိုနမ်းတာ ဘာဖြစ်လဲ 😒

ဆယ်ဟွန်းနိုးလာတော့ လေယာဉ်ကဆင်းသက်ဖို့တောင် ကြေညာနေပီ...။

ဘေးနားမှာ လူတစ်ယောက် ဝင်ထိုင်တာ သတိထားမိပေမဲ့ ခုကျ ဘေးမှာ ဘယ်သူမှရှိမနေပြန်တော့ အမြင်မှာတာနေမှာပါလေ။

ကိုယ့်အထုပ်လေးကို ဆွဲပီး Taxiငှါးကာ ဒေါလေး အိပ်သို့... ။

"တင်း တောင်...တင်းတောင်"

ခလုတ်နှိပ်တာ ကြာနေပေမဲ့ အားရီးက ခုထိ ထွက်မလာသေး။

"လာပါပီ"

"ကြာလိုက်တာ အာရီကလဲ"

"အမလေး ဝင်ခဲ့ ဝင်ခဲ့ ဟိုသားလေးရော"

"ဟမ်"

ဆယ်ဟွန်း အူကြောင်ကြောင်နှင့် နောက်လှည့်ကြည့်လိုက်တော့ နောက်မှာ လပ်ဂေ့ခ်ျ ပေါ်ကို ခြေ ချိတ်ထိုင်နေတဲ့ ချန်းယောလ်...

ဘယ်က ဘယ်လို နောက်မှာရောက်နေတာလဲ

"ကျေးဇူးပါ အားရီ ရှေ့မှာ စောင့်နေ့တာ ကြာတော့ ထိုင်စောင့်နေလိုက်တာ ရိုင်းပြ သလိုဖြစ်သွားပါတယ်"

မျက်နာရူးကြီးက ဆယ်ဟွန်းအားရီကို မျက်နာလုပ်လို့...။

အိပ်ထဲဝင်ဖို့ လုပ်နေတဲ့ ချန်းယောလ် လက်ကို ဆွဲကာ

"မျက်နာရူး ဘာလာ လုပ်တာလဲ"

"မင်းဆီလာတာ"

ဆယ်ဟွန်းကို မျက်စိတစ်မှတ် မှိတ်ပြပြီး အထာကျကျ ဖြေသွားကာ ဆယ်ဟွန်း လပ်ဂေ့ခ်ျရော သူ့လပ်ဂေ့ခ်ျရောကို ဆွဲပီး အိမ်ထဲဝင်သွားလေသည်..။

ဘာလိုက်ရှုပ်ပြန်တာလဲ ချန်းယောလ်? ငါမင်းနဲ့ မပတ်သက်ချင်တော့ဘူး....။

.....
တကယ်တော့ drama မရေးတတ်ဘူး...
ဖတ်ရတာ အဆင်ပြေရဲ့လားဟင်။

မတည့် အတူနေ😇(complete )Where stories live. Discover now