"ချန်းယောလ် ထ..ထ..ဦး...အား ကျွတ်ကျွတ် နာလိုက်တာ.."
ဗိုက်က အရမ်းနာနေတာမို့ ဘေးက ချန်းယောလ်ကို အတင်းလှုပ်နှိုးနေရသည်...။
မွေးဖို့ နှစ်ပတ်လိုသေးပေမဲ့ မွေးတော့မည် ထင်ပါသည်...။
"ချန်းယောလ် ထ..ထလို့....ငါဗိုက်နာလို့.."
"ဟင် ဗိုက်နာတာ...အိမ်သာ သွားချင်တာလား"
"မဟုတ်ဘူး...ငါမွေး...တော...မယ် ထင်တယ် "
"ဟမ်"
ချန်းယောလ်မှာ အလန့်တကြာထကာ ကားသော့ကို လိုက်ရှာပီး ဆယ်ဟွန်းကို ချီလို့ အမြန်ပြေးရပြန်သည်..။
Driverကို ခေါ်ဖို့လဲ အဆင်မပြေတာမို့ ဘေးအိမ်က လူပျိုကြီး ဖြစ်တဲ့ Wuyifanဆိုတဲ့ လူကို အကူအညီတောင်းပီး ကားမောင်းခိုင်းရသည်..။
ဗိုက်အကြီးကြီးနဲ့ ဖြစ်တဲ့ ဆယ်ဟွန်းကို ချီထားရတာလဲ မသက်သာ... ။
အားနာပေမဲ့ ရှေ့မျက်နာနောက်ထားပီးပဲ အကူအညီတောင်းရသည်..။
ကားနောက်ခန်းမှာ ဝင်ထိုင်လိုက်ပီး ဆယ်ဟွန်းကို ရင်ခွင်ထဲမှာ ထိုင်ခိုင်းထားကာ...
"အား...ချန်းယောလ် အဲ့တာမင်းကြောင့်.."
ချန်းယောလ် ဆံပင်အထွေးလိုက်တွေ ကျွတ်ကုန်ပီ ထင်ပါရဲ့ဗျာ😞
"seseလေး ဖြည်းဖြည်းဆွဲပါကွာ ကိုယ်နာလို့ အား.."
"မင်းက ငါ့ထက်နာလို့လား ဟမ်...ဆွဲမှာပဲ အား.."
ချန်းယောလ်ခင်ဗျာ ဆယ်ဟွန်း နာတာကို ကိုယ်ချင်စာမိပေမဲ့ အဆွဲခံထားရတဲ့ ဆံပင်နဲ့ ကျွတ်သွားတဲ့ ဆံပင်တွေက ချန်းယောလ် ကိုပြောင်နေသရောင်..။
".မြန်မြန်မောင်းပေးပါ ဗျ... ဒီမှာ နာလို့သေတော့မယ်"
ရှေ့မှ Wuyifanခင်ဗျာ အကူညီလဲ ပေးရသေး။ အော်လဲ အော်ခံရသေး။ မတန်လိုက်တာဗျာ...
ကြားထဲ နားက ညဉ်းသေး..
"အား..."
ဗိုက်ကြီးသည်ရဲ့အော်သံနဲ့ ချန်းယောလ်ရဲ့အော်သံက ကားထဲမှာ ဆူညံသွားတော့သည်..။
Yifanလဲနားကို လက်တစ်ဖက်နဲ့ အုပ်လိုက်ပီး ကားကို အလျှင်အမြန် မောင်းပေးရတော့၏။