Ch - 1

1K 55 2
                                    


အပိုင်း_၁:အဆင့်မြင့် ခွင့်ပေးပါ

"အိုဘုရား​ရေ,နာတယ်​ဗျ ဂိုဏ်းတူအကိုရ..။

ပြင်းပြင်း ထပ်​ပြင်းပြင်း,မပြီး​သေးဘူးလားဗျ ,ဒီမှာ​သေ​တော့မယ်​"

သူ​တော်​စင်​နတ်​ဆိုးဂိုဏ်း​ရဲ့​ ​လေ့ကျင့်​​ရေးကွင်းတစ်​ခုမှာ ဆယ့်​​ခြောက်နှစ် ဆယ့်ခုနစ်နှစ်အရွယ်​လူငယ်​​လေးတစ်​​ယောက်​ဟာ နာကျင်​မှု့​တွေကို ကြိတ်​ခံရင်း မတ်​တပ်​ရပ်​လို့​နေပါတယ်​။ ဒါ​ပေမဲ့ သူ့ပုံစံကနာကျင်​မှု့နဲ့ အတူတခုခုကိုလည်း​ကျေနပ်​​နေပုံပါပဲ။ ထိုသူက​တော့ လင်းဖန်​ပဲဖြစ်​ပါတယ်​။

တကယ်​​တော့ လင်းဖန်​မှာ လျှို့ဝှက်​ချက်​တစ်​ခုရှိပါတယ်​။

အဲ့ဒါက သူဟာ ကမ္ဘာမြေကနေဒီကမ္ဘာကိုရောက်လာတာပါ။ သူ့စိတ်ဝိဥာဉ်သာမကခန္ဓာကိုယ်ပါ တပါထဲရောက်လာတာပါ။ သူပထမဆုံးဒီလိုဆန်းကြယ်တဲ့ကမ္ဘာကိုရောက်တော့လင်းဖန်ရဲ့ နှလုံးသားကအလွန်ဝမ်းမြောက်ခဲ့ပါတယ်​။ သူဖတ်ဖူးခဲ့တဲ့ xianxia (ရှန်းရှ)​​စာအုပ်​​တွေထဲမှာ သိုင်းပညာကျင့်ကြံသူတွေဟာ တစ်ေ​လာကလုံးကို လွှမ်းမိုးနိုင်တဲ့တန်ခိုးစွမ်းအားတွေသာမက ဂုဏ်ကျက်သရေနဲ့အတူ ​ငွေနဲ့ပစ္စည်းဥစ္စာ တို့ကပါပြည့်စုံနေလို့ပဲဖြစ်ပါတယ်။

သူတို့ရဲ့ ရိုးရှင်းတဲ့လှုပ်ရှားမှု၊ ဂိုဏ်း​​ရဲ့အထွဋ်အမြတ်​ဖြစ်သော ထိုသူတွေရဲ့ ရိုးရှင်းသောလှုပ်ရှားမှုတစ်ခုနှင့် စိုးရွံ့စေနိုင်လောက်အောင်လွှမ်းမိုးနိုင်သောဖိအားပေးမှုတို့ရဲ့

ရှေ့မှောက်​မှာ လူအများကနာခံမှုနှင့်ဦးညွှတ်ကြရပါတယ်​။

သို့သော် သူ့ရဲ့စိတ်ကူးယဉ်အိမ်မက်လေးမပြီးစီးခင်မှာပင် လင်းဖန်ဟာ တခုခုလွဲမှားနေတာကို သဘောပေါက်ခဲ့ပါတယ်။

တစ်နည်းနည်းနဲ့သူဟာသူ​တော်​စင်​နတ်​ဆိုးဂိုဏ်းရဲ့တပည့်တွေ

အတွက် လက်သီးထိုးလေ့ကျင့်ရာလူသဲအိတ်​အဖြစ်သာ အဆုံးသတ်ခဲ့ရပါတယ်။

ထိုအဖြစ်အပျက်က လင်းဖန်ကိုအံသြမင်သက်သွားစေခဲ့တယ်။ လင်းဖန်မှာ ဒီလိုကမ္ဘာကိုရောက်ရှိလာပြီး လူသဲအိတ်​ဖြစ်လာတာကိုလက်မခံနိုင်ဖြစ်နေပါတယ်။ လူသဲအိတ်​ဖြစ်နေရသည်ထက်စာရင် လုံးဝအသုံးမဝင်တဲ့အမှိုက်လိုလူတစ်ယောက်အနေနဲ့ အဆုံးသတ်သွားတာကမှ ပိုအဆင်ပြေပါသေးတယ်။ အနည်းဆုံးတော့ ရုပ်ဖျက်ပြီးအဝေးမှာ အထိုးအနှက်မခံရနိုင်ဘဲရှင်သန်နိုင်ပါဦးမယ်​။

The Strongest SyetmWhere stories live. Discover now