CH - 2

302 28 1
                                    

#ကိုယ်ပိုင်မဟုတ်ပါ.. ဖတ်ရတာ ကောင်းလွန်းလို့ တောင်းယူလာတာပါ။ ဆရာမ ယမင်းရဲ့ စာအုပ်ပါ။

The Strongest System

အပိုင်း_၂:အမှိုက်အရံအပြင်စည်း တပည့်တွေ လာထိုးကြစမ်းပါ

"ဒီကောင် ဘာပြောတာလဲဟ"

"အမှိုက်တဲ့ ဟုတ်လား၊မင်းက ငါတို့ကို

ဒီလိုပြောရဲတယ်ပေါ့"

"ခွေးကောင်၊ ငါတို့က အရံအပြင်စည်းတပည့်တွေကွ

ဝင်ခွင့်စစ်ဆေးမှု အောင်မြင်သွားရင်

တရားဝင်အပြင်စည်းတပည့် ဖြစ်တော့မှာ မင်းလို လူသဲအိတ်ကောင်ကများ

ငါတို့ကို စော်စော်ကားကားပြောတယ်ပေါ့ "

" ညီအစ်ကိုအားလုံး စိတ်လျှော့ကြ ၊

ငါတို့အားလုံးဟာ တစ်ကယ့်ပါရမီရှင်တွေနဲ့ မယှဉ်နိုင်ပေမယ့်

ဒီလိုဘာမှမဟုတ်တဲ့ လူသဲအိတ်ကောင် စော်ကားလာတာကိုတော့

ငါပဲ ကြည့်ရှင်းလိုက်ပါမယ် "

အမှန်တစ်ကယ်လည်း အရံအပြင်စည်း

တပည့်များမှာ အလွန်ပင်ဒေါသထွက်နေကြပါတယ်။

ဂိုဏ်း၏ အနိမ့်ဆုံးသော ကျွန်လူသဲအိတ်ကောင်မှာ သေချင်၍သာ

ဤကဲ့သို့ပြောခြင်းဖြစ်ပေလိမ့်မည်။

ထိုတပည့်၏ စကားသံကို ကြားလိုက်ရလျှင် အားလုံးသော

လူသဲအိတ်များမှာ လင်းဖန်အား

ကျေးဇူးတင်လေးစားမှုများ နှလုံးသားအတွင်းမှ ပေါက်ဖွားလာတော့သည်။

"အစ်ကိုကြီး "

"ခေါင်းဆောင်"

လင်းဖန်မှာ သူဆီလျှောက်လှမ်းလာသူအား

အေးဆေးစွာ ကြည့်လျှက်နေပါတယ်။

"ကောင်စုတ်လေး မင်းကတော်တော်ကို အလိုက်ကန်းဆိုးမသိတဲ့ကောင်ပဲ၊

ငါက မင်းလို ဘာမှအသုံးမဝင်တဲ့ကောင်ရဲ့ အသက်ကို

မနှုတ်ယူဘူး ဆိုပေမယ့် ဒီလိုမောက်မာတဲ့အတွက် မင်းကို

The Strongest SyetmWhere stories live. Discover now