CH - 3

235 22 0
                                    

The Strongest System

အပိုင်း_၃:ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး သိုင်းပညာ

လင်းဖန်မှာ သတိရ၍ မျက်လုံးဖွင်လျှင်ဖွင့်ချင်းပင် သရဲမက

မြင်လျှင်ပင် လန့်ဖျပ်လောက်သော ဆိုးဝါးလှသည့် မျက်နှာများကို

မြင့်တွေရသောအခါ လန့်ဖျပ်သွားပါတယ်။ လူသဲအိတ်များမှာ

လင်းဖန်သေဆုံးသွားပြီ အထင်ဖြင့် ငိုကြွေးထားကြသည်ဖြစ်ရာ

လေ့ကျင့်ရေးကွင်းမှ ဖုန်ပေသောမျက်နှာပေါ်တွင်

မျက်ရည်ချောင်းမှား နှပ်များ ထပ်ဆင့်၍

တန်ဆာဆင်ထားသကဲ့သို့်ဖြစ်ရာ

ဤသို့သောမျက်နှာတွေအား မည်သူမဆို ရုတ်တရက်မြင်လျှင်

လန့်ဖြတ်သွားမည်သာဖြစ်၏။

လင်းဖန်မှာလည်း မိမိသတိမေ့နေစဉ်အတွင်း

ပြဿ နာတစ်ခုတက်ထားသည် အထင်ဖြင့်

ထိတ်လန့်ကာ...

"ဟိတ်ကောင်တွေ..၊မင်းတို့ ဘာဖြစ်နေကြတာလဲ "

ဟု အလန့်တကြား မေးလိုက်ပါတော့တယ်။

"အစ်ကိုကြီး သတိရလာပီလား၊ ထင်သားပဲ အစ်ကိုကြီးက

လွယ်လွယ်နဲ့သေမယ့်လူမှ မဟုတ်ဘဲ"

ဟု ဝမ်းသာအားရ ပြောကြပါတယ်။

"အန်"

လင်းဖန်မှာ ရုတ်တရက် အံသြသွားတယ်။ စိတ်ထဲမှလည်း..

"ဒီကောင်တွေ ဘာဖြစ်သွားတာလဲဟ

ငါကလည်း ဘယ်တုန်းက သူတို့ရဲ့အစ်ကိုကြီးဖြစ်သွားတာလဲ "

ဟူ၍ တွေးမိသွားသည်။

လင်းဖန်မှာ သူ၏စနစ်သည် ယခုအချိန်မှ စတင်ပြီး

ရာခိုင်နှုန်းပြည့်အသုံးပြု၍ ရလာသည်ဖြစ်လေရာ

သူ၏စနစ်အား စစ်ဆေးကြည့်လိုက်တယ်။

အမည် - လင်းဖန်

သိုင်းအဆင့် - 1

ရမှတ် - (0/10)

The Strongest SyetmWhere stories live. Discover now