♡9404♡

1.7K 75 3
                                    

Zawgyi Version_

" Oh sehun!! မင်းနဲ့ငါပြတ်​ပြီ....ဒီတစ်​ခါလုံးဝပဲ.....လာမ​ချော့နဲ့....အလကားချစ်​သူ..."

မနက်​ခင်းအချိန်​ခါ​တေးသံသာ​လေး​ပါပဲ....

Doh Kyungsooရဲ့ အချွဲစိန်​ အဆိုး​ပေ
'နှစ်​​ယောက်​ မရှိ​သောချစ်​စရာသူငယ်​ချင်း'
Byun baekhyun​လေးရဲ့ အသံဟာဆိုရင်​ဖြင့်​မနက်​ခင်း​စော​စောတွင်​ ဤသို့ စတင်​ကြိုဆို​နေပါ၏...။

အခန်းထဲရှိစားကြည့်​စားပွဲ​တွင်​​ ကျောင်းသုံးရက်​ ပိတ်ထားတုန်းကပစ်​ထားပြီး မနက်​ဖြန်​​စာအုပ်​မဖြစ်​မ​နေ ထပ်​ရ​တော့မည်​ဆိုမှသာ အသည်းအသန်​ထလုပ်​​နေ​သော Doh Kyungsooနှင့်​ သူ၏​ခပ်​လှမ်းလှမ်းကုတင်​​ပေါ်တွင်​​ စူပုတ်ပုတ်နဲ့​​ခြေ​ထောက်​​တွေကို ကုတင်​​ပေါ်မှချထားကာ ​ထိုင်​​နေပြီး တစ်​​ယောက်​တည်းစကား​တွေ​မရပ်​မနား​ရေရွတ်​​နေတဲ့Byun Baekhyunတို့အား​တွေ့ရမည်​ဖြစ်​သည်​။

" ​တေမိကအ​ဖေ​တော်​ရ​လောက်​တဲ့ငါ့ဘဲကြီးOhsehun​ရေမုန်းတယ်​သိလား?"

ဘာမှမဟုတ်​ဘူး ပလီပလာ​တွေ....

စာ​ရေး​နေရင်းကပင်​kyungsoo စိတ်​ထဲကလိုက်​​ပြောမိသည်​။

" မုန်းတယ်​ သိလား အရမ်းမုန်းတယ်​ သိလားလို့ "

ဖုန်းscreenကြီးကိုကြည့်​​ပြော​နေတာ... မသိရင်​ oh sehunက သူ့ဖုန်းလားကြ​နေတာပဲ လို့ kyungsoo ​စိတ်ထဲက​တွေးမိသည်​။

"........."

" အသည်းကွဲမယ်​လို့မထင်​နဲ့​နော်​.....လုံးဝပဲ...."

ထိုစကားကို​တော့ kyungsooကိုကြည့်​ရင်း​ပြော၏...kyungsooက​တော့ တစ်​​လောကလုံး စာအကြိုးစားဆုံးသူဟု ထင်​ရ​လောက်​​အောင်​ပုံစံဖြင့်​စာ​တွေ​ရေး​နေသည်​မှာ baekhyunကို​ ယောင်​လို့ပင်​လှည့်​မကြည့်​...။

သို့​သော်​baekhyunစကား​တွေကို​ယောင်ပြီး​တစ်​ချက်​တစ်​ချက်​လိုက်​​ရေးမိလို့ ဖျက်​ရသည်​မှာလည်းခဏခဏ။

".............."

" လွမ်းလည်း လွမ်းမှာမဟုတ်​ဘူးပဲ... "

ပြောလည်း အ​ပြောပါပဲ ပြီးရင်​မ​နေနိုင်​လွမ်းတာပဲ... kyungsooစိတ်​ထဲက​နေ သီချင်းဆိုလိုက်​သည်​။

♡I'm YOURS♡ {SEBAEK}Where stories live. Discover now