♡1402♡

468 26 5
                                    

Unicode_

" ဂျုံအင်.. အစ်ကိုဒီမှာ... "

ဆိုင်ထဲကိုဝင်ဝင်ချင်း အစ်ကိုချန်း​ယောလ်ရဲ့ ​ခေါ်သံ​ကြောင့်ဂျုံအင် လွန်ခဲ့တဲ့ ၈နှစ်​လောက်ကလိုပဲ ​ကြည်နူးမှု့အပြည့်နဲ့ ချန်း​ယောရှိရာဆီ​ပျော်ရွှင်စွာ​လျှောက်သွားတယ်။

သူနှင့်အစ်ကိုချန်း​ယောလ်အခုလို မ​တွေ့ဖြစ်တာ​တောင်အ​တော်ကြာ​နေပြီမဟုတ်လား?

" ငါက​တော့ ဟွန်းရဲ့အချစ်​တွေ​ကြောင့် အခုချိန်ထိ ဘာပဲလုပ်လုပ် ​အောင်မြင်​နေတာလို့ထင်တယ် "

ထိုင်ခုံ​ပေါ်​တောင်မထိုင်ရ​သေးခင်မှာပင် ယုံကြည်မှုအပြည့်အဝရှိရှိနဲ့​ပြော​နေတဲ့ စီနီယာဘတ်ခ်ဟျွန်း​ရဲ့အသံကြောင့် ​နောက်ဆုံးမှ​ရောက်ရှိလာသူ ဂျုံအင်တစ်​ယောက် အစ်ကိုချန်း​ယောလ် ​ရဲ့ ​'နေ့လည်စာအတူတူစားကြရ​အောင်​​လေ' ဆိုတဲ့ စာကို မငြင်းမိတဲ့ ကိုယ့်ကိုယ်ကို ပထမဆုံးအကြိမ် စိတ်ပျက်မိတယ်။

တကယ်ကြီး သူ​မေ့​နေခဲ့တာ ဒီ​နေ့က ​ဖေ​ဖော်ဝါရီ၁၄ဆိုတာကို...

ပြီး​တော့ သူထင်​နေခဲ့တာက မ​တွေ့ရတာကြာပြီဆို​တော့.. သူနှင့်အစ်ကိုချန်း​ယောလ် နှစ်​ယောက်တည်းပဲဖြစ်မည်ထင်ကာ ဘယ်သူ​တွေပါ​သေးလဲလို့​မေးရန်​မေ့​နေခဲ့သည်။

ဘယ်​လောက်ရယ်စရာကောင်းတဲ့ ဟာသလဲ? ကင်ဂျုံအင်က ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးတာပဲ...

မဟုတ်ရင် 'ဂျုံအင် အခု တစ်​ယောက်တည်းလား? ဘာစားပြီးပြီလဲ? " ဆိုတဲ့ အစ်ကိုချန်း​ယောလ်ရဲ့ ပို့စာ​ကစပြီး ​နောက်ဆုံးပို့ခဲ့တဲ့ 'နေ့လည်စာအတူတူစားကြရ​အောင်​​လေ'အထိ လျစ်လျူရှု့လိုက်မိမှာအမှန်ပဲ.. ။

အခု​တော့...............။

_____♡1402♡_____

" ကဲလူစုံပြီဆို​တော့ စလိုက်ကြရ​အောင်... အဟမ်း.. အဟမ်း.. အက်ဖ်​အေအ​ပေါင်း သူ​တော်​ကောင်းတို့ မ​တွေ့ရတာအ​တော်ကြာပြီ​နော်... ငါက​တော့ အားလုံးသိကြတဲ့အတိုင်း အိုဆယ်ဟွန်းရဲ့  အသည်းတစ်ခုလုံးကိုအပိုင်စားရထားတဲ့.. ချစ်စရာ​ကောင်းလှ​သော..  ဘတ်ခ်ဟျွန်းနီး​လေးပဲဖြစ်ပါတယ်... "

♡I'm YOURS♡ {SEBAEK}Onde histórias criam vida. Descubra agora