♡1809♡

657 44 4
                                    


Zawgyi_

ကမ္ဘာကြီးက လုံးတယ်​.....
မဟုတ်​ဘူး ဝိုင်းတာ...
အာ မဟုတ်​​သေးဘူး.....
ကမ္ဘာကြီးက.....
လေး​ထောင့်​ဆန်​ဆန်​​အပြုံး​လေး.....

_____________ ♡ 1809 ♡ ______________

At ♡HEART♡ FOOD & DRINK.....

Kyung Hoon ရဲ့သီချင်းေ​တွ တစ်​ပုဒ်​ပြီးတစ်​ပုဒ်​ ပျံ့လွင့်​နေတဲ့​ဆိုင်​၏ အတွင်းကျကျ ​ထောင့်​စားပွဲဝိုင်းတစ်​ခုတွင်
ကောင်​​လေးသုံး​ယောက်​ထိုင်​​နေသည်​။

သုံးဦးအနက်​ အသား​ညိုညို ဆံပင်​လုံးလုံး​လေးနှင့်​ ထူအိအိနှုတ်​ခမ်းပိုင်​ရှင်​​ကောင်​​လေးကစတင်​လျက်​သူ့​ဘေးရှိ​ကောင်​​လေးကို​မေးတယ်​...။

" chanyeol အချစ်​ဆိုတာဘာလဲ? "

ထို​ကောင်​​လေး၏အ​မေးကို အသားဖြူဖြူ ချစ်​စရာ​ကောင်းတဲ့ မျက်​လုံးဝိုင်းဝိုင်း​လေး​တွေနှင့်​​ကောင်​​လေးက သူ​ရှေ့ပန်းကန်ထဲရှိ​​ကြက်​​ကြော်​​လေး​တွေကို စိတ်​ရှည်​ ​ရှည်​နှင့်​ ဖဲ့​ပေး​နေရင်းက နားမလည်​သလို ပြန်​​မေးသည်​။

" ဘာလုပ်​ဖို့လဲ? "

" ​ဖြေမှာသာ​ဖြေစမ်းပါကွာ.... "

" မသိဘူး ဖြူသလား? မဲသလား? "

လိုချင်​တဲ့ အ​ဖြေမရသဖြင့်​ တတိယ​ကောင်​​လေးအား ​​မေးလိုက်​သည်​။

" sehun... မင်း​ရော? "

" ဘာကိုလဲ? "

" အချစ်​ဆိုတာဘာလဲ လို့ "

" ငါ ဘယ်​သိမလဲ? ငါ့မှာ ရည်းစားမှမရှိပဲ... "

" final year​တောင်​​ရောက်​​နေပြီ အခုထိ ရည်းစားတစ်​​ယောက်​မှမရှိ​သေးဘူးဆိုတာ​တော့..ကြားလို့​မ​ကောင်းဘူး​နော်​... ရှက်​စရာ​တောင်​​ကောင်းတယ်​... "

" ဟင်​? အဆန်းတကြယ်​​တွေ... "

" ​အေး​လေ ဘာမှလည်းမဆိုင်​ဘူး... "

Chanyeolက sehunရဲ့အ​ပြောကို
အ​အေးဘူး​​တွေကို ဖန်​​ခွက်​လှလှ​လေးထဲ ​​ဖောက်​ထည့်​ရင်းက ​ထောက်​ခံသလို ဆိုလာသည်​။

♡I'm YOURS♡ {SEBAEK}Where stories live. Discover now