part 12

2.8K 192 22
                                    

[Zawgyi]

မီးခိုးတွေတအားထွက်နေတယ်။မီးတောက်တွေလည်းကြီးလွန်းတယ်။]
ထိုမီးတောက်တွေနဲ့လောင်နေတဲ့အိမ်ထဲမှာ အမျိုးသမီးတျောက်နဲ့
အခန်းထဲမှာဆော့နေတဲ့ကလေးငယ်တဦး။

ထိုအမျိုးသမီးက သူ့သားဖြစ်ဟန်တူတဲ့ကလေးငယ်ဆီ သွားဖို့ကြိုးစားနေတယ်။
ဒါပေမဲ့ကလေးငယ်ဆော့နေတဲ့အခန်းဝက မီးတောက်တအားကြီးလွန်းတယ်။ဝင်သွားလို့လည်းမရဘူး။
မိခင်ဖြစ်ဟန်ထိုအမျိုးသမီးက ကလေးငယ်ကိုကယ်ဖို့မျိုးစုံကြိုးစားနေတယ်။

ကလေးငယ်ကခုမှဘေးကိုသတိထားဟန် မီးတောက်မြင်တော့ ကြောက်ကြောက်နဲ့အော်ငိုနေတယ်။
ကလေးငယ်ငိုသံကြောင့် မိခင်ကပိုပြာယာခတ်လာတယ်။

ခနတော့ မိခင်ကအရဲစွန့်ပြီး အခန်းထဲခုန်ဝင်လာတယ်။ကလေးငယ်နားရောက်ခါနီးမှာ တိုက်တိုက်ဆိုင်ဆိုင် အပေါ်ကမီးဆိုင်းကပြုတ်ကျလာတယ်။ကလေးထိမှာစိုးလို့ ကလေးကိုအပေါ်ကအုပ်မိုးကာ ခန္ဓာကိုယ်နဲ့ကာလိုက်တယ်။
ဖန်ကွဲတွေကြောင့်သူမနာကျင်မှုကို ဂရုမပြုနိုင်။ကလေးငယ်ကို စိုးရိမ်စိတ်နဲ့ကြည့်တော့ ကလေးမျက်နှာကဖြူလာပြီ။

"သား သားငယ် သတိထားအုံးလေ။မားခေါ်နေတာကြားလား။သားငယ်"

"တားအသက်ရှူကျပ်တယ် အသက်ရှူမရတော့ဘူး"

ပြောပြီး သတိလစ်သွားတဲ့ကလေးငယ်ကိုပွေ့ချီကာ အခန်းပြင်ထွက်ရန်ပြင်နေတယ်။ဒါပေမယ့် ထမရဘူးခြေထောက်မှာ ဖန်ကွဲတွေစိုက်နေတယ်။

"သားကိုမားတောင်းပန်ပါတယ်။ မားမကာကွယ်နိုင်တော့ဘူးထင်တယ်"

နာကျင်မှုအရှိန်ကြောင့်ရော မီးခိုးတွေကြောင့်ပါရောကာ သူမလည်းကလေးငယ်ကို ပွေ့လျက်သား မေ့မြောသွားတော့တယ်။

"ဟင့်အင်း မဖြစ်ရဘူး အား အသက်ရှူကြပ်တယ် တယောက်ယောက်ကယ်ကြပါ"

Yifan ညလယ်ခေါင်hunငယ်အခန်းကအော်သံကြောင့် အမြန်ထသွားပြီး သားငယ်အခန်းအပြေးသွားမိတယ်။

"hunငယ် တံခါးဖွင့်အုံး"

ဘယ်လိုခေါ်ခေါ်မရတဲ့အဆုံး အခန်းသော့အပိုကိုအပြေးယူပြီး တံခါးဖွင့် မီးဖွင့်ပြီး အိပ်ရာကိုကြည့်လိုက်တော့ တကိုယ်လုံးချွေးတွေစိုရွဲကာ လူးလိမ့်နေတယ်။ပါးစပ်ကလည်းယောင်ပြီး ငိုနေတယ်။

နောင်တတို့အလွန်(နောင်တတို့အလွန်)Where stories live. Discover now