Intro

2.3K 147 1
                                    

အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပီးနောက် Jungkookက Taehyungရဲ့ လက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက်
နှစ်ယောက်သား တစ်ယောက်မျက်ဝန်းတစ်ယောက် ကြည့်နေရင်း
"ရော့ ဒီမှာ Tae, Happy Birthday ပါနော်" နှစ်လိုဖွယ်ပြုံးပြရင်း ကျွန်တော်အရမ်းလိုချင်နေခဲ့တဲ့ အဖြူရောင်လက်ပတ်လေးကို သူပေးခဲ့တယ်။

"ကျေး .. ကျေးဇူးတင်ပါတယ် kookie။ မင်းပေးတဲ့လက်ဆောင်လေးကို ငါအရမ်းကို သဘောကျတယ်"
သူပေးတဲ့ လက်ပတ်လေးကို taehyung မြတ်နိုးစွာကြည့်ပီး ကျေးဇူးတင်စကားဆိုလိုက်သည်။

"ဒါ .. ဒါပေမဲ့ ငါ့မွေးနေ့မှာ ငါတစ်ကယ်လိုချင်တာက ဒါမဟုတ်ဖူးဆိုတာ မင်းသိပါတယ်" ပြောရင်း Taehyung ခေါင်းလေး ငုံ့သွားသည်။

သူသိတာပေါ့
ချစ်ရသူရဲ့ မျက်ဝန်းတွေကနေပဲ သူ့အတွက် လုံလောက်တဲ့အဖြေ ရနေတယ်။
သူ့ရဲ့ ချစ်သူ boyfriend က
ဒီဈေးကြီးပီး တလက်လက် တောက်ပြောင်နေတဲ့ လက်ပတ်ထက် ဘာကိုပိုပီး လိုချင်နေတယ်ဆိုတာကို သူသိတယ်။
ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက
သူ့ချစ်သူကောင်လေးလိုချင်တာကို သူမပေးနိုင်ဖူးလေ ။ ။

တောင်းပန်တဲ့သဘောဆောင်စွာ
အောက်နှုတ်ခမ်းပါးလေးကို ကိုက်၍ ခေါင်းလေးကို ငုံ့ကာ  "ကို တောင်းပန်ပါတယ်"
"မင်းရဲ့ မွေးနေ့မှာတောင် မင်းရဲ့ဆန္ဒကို ကို မဖြည့်စည်းပေးနိုင်တဲ့ အကြောင်းပြချက်တွေကို မင်းသိပါတယ် taeရယ်"
Jungkook တစ်ယောက် Taehyungရဲ့ လက်သွယ်သွယ်လေးကို ဆုပ်ကိုင်၍ပြောတော့

Taehyung ခေါင်းငြိမ့်လိုက်ပီး
Jungkook ရဲ့ လက်ဖဝါးကို ဂရုစိုက်မှုတွေအပြည့်နဲ့ ညင်သာစွာ ပွတ်ပေးနေလိုက်မိသည်။

ကျောင်းခေါင်းလောင်းထိုးသံကြားတော့ break time ကုန်သွားပီဆိုတဲ့အသိ ဝင်လာတာနဲ့ Taehyung တစ်ယောက် သူ့ရဲ့မျက်ရည်တွေကို ဆက်မကျအောင် ထိန်းချုပ်ထားလိုက်ပီး

"ပြန်ကြရအောင်"

Jungkook မတ်တပ်ရပ်လိုက်ပီး ကြမ်းပြင်ပေါ်မှာထိုင်ထားတော့ ပေနေတဲ့ အင်္ကျီပေါ်မှ ဖုန်မှုန့်တစ်ချို့ကို ခါလိုက်ပီးနော် Taehyungကို လက်ကမ်းပေးလိုက်တော့

Taehyungက သူ့အကူအညီကို ငြင်းလိုက်ပီး သူ့ဘာသာသူသာ မတ်တပ်ထရပ်လိုက်သည်။

"နောက်မှတွေ့မယ် jungkook"

"အင်း နောက်မှတွေ့မယ်။ ကိုယ်အရင် ထွက်သွားလိုက်မယ်နော်။ ပီးမှ 5မိနစ်လောက်ကြာတော့မှ မင်းထွက်လာခဲ့နော် ok? "

Taehyung ခေါင်းညိမ့်ပြလျက် သူ့ရဲ့ boyfriend ကို ချိုသာလျက် အကဲခတ်သလို မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပီးနောက်
"Jungkook-ah အရမ်းချစ်တယ်"

"Hyungကိုလဲ အရမ်းချစ်တယ်" ။ ။

ဒီစကားတွေကို အရမ်းကိုလုံခြုံတဲ့ ကျောင်းရဲ့ ပစ္စည်းဟောင်းတွေထားတဲ့ စတိုခန်းလေးထဲမှာ သူတို့ပြောဖြစ်ခဲ့ကြတဲ့ စကားလေးတွေပေါ့ ။

___________။

Jungkook နဲ့ Taehyung က ဘယ်သူမှ မသိအောင် လျှို့ဝှက်စွာ တွဲနေခဲ့ကြတာ 8လတောင် ကြာခဲ့ပီလေ။
လျှို့ဝှက်ထားကြတဲ့ အဓိက အကြောင်းအရင်းက Jungkookပေါ့။

Jungkookက ဒီကျောင်းသားဘဝမှာ လက်ရှိသူရနေတဲ့ သူ့ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းတွေကြားထဲက သူ့ရဲ့ နာမည်ကြီးအောင်မြင် လူသိများမှုတွေကို ထိန်းထားချင်တယ်တဲ့လေ။

ဒါပေါ့
Taehyungက သူ့ရဲ့ သေးငယ်တဲ့လျှို့ဝှက်ချက်ဘဝကနေ လွတ်မြောက်ချင်လို့ စောင့်နေခဲ့ရတာ ပင်ပန်းလှပီပေါ့။

သူ့ရဲ့စိတ် တစ်စိတ်တစ်ပိုင်းကနေ သူက သူ့ချစ်သူရဲ့ လူသိရှင်ကြားပိုင်ရှင် ဖြစ်ချင်နေပေမဲ့လဲ

ကျန်တဲ့ သူ့ရဲ့တစ်စိတ်တစ်ပိုင်းကတော့
ချစ်ရတဲ့သူ့ကို လက်လွတ်လိုက်ပီးတော့
သူ့ကိုကောင်လေးအနေနဲ့ ရှိနေရတာကို ဝမ်းမြောက်ဝမ်းသာဂုဏ်ယူဝင့်ကြွားမဲ့ တစ်ခြားတစ်ယောက်ကို ရှာပစ်လိုက်ချင်နေပီလေ ။ ။

သူ့ရဲ့ ကျောင်းသူကျောင်းသားတွေကြားထဲ အောင်မြင်ကျော်ကြားမှုထက် သူ့ရဲ့ relationship က ပိုပီးအရေးကြီးတယ်ဆိုတာကို
ဘယ်တော့များမှ Jungkookက သတိထား သိလာမှာလဲ ??

ပီးတော့
Jungkook ဒီလို လျှို့ဝှက်ထားတာကရော
သူ့ရဲ့အောင်မြင်ကျော်ကြား နာမည်ကြီးမှု တစ်ခုထဲ အတွက် မဟုတ်ခဲ့ဖူးဆိုရင်ကော ???

___________________________


ငါတို့ရဲ့ လျှို့ဝှက်ချက် ။။

Warning ⚠️

စိတ်ထိခိုက် ဝမ်းနည်းလွယ်သူများ မဖတ်ပါရန်။ (အရမ်းကို ဝမ်းနည်းဖို့ကောင်းပါတယ်)
ကြိုတင် သတိပေးထားလိုက်ပါနော် 🙄❤️
ဖတ်ပီး ငိုရလို့ ရင်ဖတ်တွေတောင် အောင့်တယ် ဆိုတာမျိုး မဖြစ်စေချင်လို့ပါ 🤧

ငါတို့ရဲ့ လျှို့ဝှက်ချက်(KOOKV) Where stories live. Discover now