အပိုင်3း

1.1K 145 8
                                    

ဘယ်နှစ်ကြိမ်မြောက်မှန်းတောင် မသိရလောက်အောင် တဒူဒူမြည်နေသော ဖုန်းလေးကို လျစ်လျူရှု၍
ကုတင်ပေါ်၌ ဒူးခေါင်းလေးကို ပိုက်ကာ Taehyungတစ်ယောက် ရှိုက်ကြီးတငင် ငိုနေမိသည်။

*မင်း အရမ်း ရက်စက်တယ် Jungkook*

အချိန်အတော်ကြာ ငိုကြွေးပြီးနောက်
ဖုန်းလေးကိုကိုင်ကာ ကြည့်လိုက်တော့ Jungkookဆီမှ misscallများ, messageများ အများအပြားကို တွေ့လိုက်ရသည်။

ဖုန်းကို lock ဖွင့်ကာ message တွေကို ဖတ်ကြည့်လိုက်တော့

'Tae ဖုန်းကိုင်ပါ'

'Taeဘေဘီ ဖုန်းကိုင်ပေးပါနော်'

'ကိုယ်အခု ဘေဘီ့အိမ်ကို လာခဲ့မယ်, ဘေဘီ့မိဘတွေကို ကိုယ်စာအုပ်လာယူမယ်လို့ ကြိုပြောထားလိုက်နော်'

Jungkookပို့ထားသော message များကို ဖတ်နေရင်း ရုတ်တရက် Jungkookဆီမှ ထပ်မံ၍ ဖုန်းဝင်လာပြန်သည်။

ဦးနှောက်က မကိုင်နဲ့ မကိုင်နဲ့ဟု တားနေသော်လည်း
ရူးမိုက်သော နှလုံးသားလေးက accept ဆိုသောအစိမ်းရောင် screen လေးကို ဆွဲ၍ ....

"ဟယ်လို Tae, ဘာလို့ဖုန်းတွေ မကိုင်တာလဲ Taeရယ်
ကိုယ် ဘယ်လောက်တောင် စိတ်ပူနေလဲဆိုတာ သိရဲ့လားကွာ ဟမ်!"

Taehyung ဘာမှ ပြန်မပြောမိပေ။

"Tae,, Taeဘေဘီ ကိုယ်အခု ဘေဘီအိမ်ကိုလာနေတယ်သိလား။ ဘေဘီရဲ့မိဘတွေကို ကိုယ်စာအုပ်လာယူမယ်လို့ ပြောထားပေးနော် ဘေဘီနော်။ ကိုယ့်ကို စကားလေးပြန်ပြောပါဦးကွာ ဘေဘီရာ"

Taehyung ဆက်နားမထောင်တော့ပဲ ဖုန်းကို တီကနဲ ချပြစ်လိုက်သည်။

ထိုစဉ် ..

"တင်းတောင်, တင်းတောင်"

အိပ်က လူခေါ်ဘဲလ်ကို အဆက်မပြတ်တီးသံများ ပေါ်ထွက်လာခဲ့သည်။

ဦးနှောက်က မသွားနဲ့, မဖွင့်ပေးနဲ့လို့ အတန်တန် သတိပေးနေသော်လည်း
ရူးမိုက်သော နှလုံးသားလေးက
အိမ်ရှေ့တံခါးဆီ မပြေးရုံတမယ်သွားရန် ခြေထောက်များကို ခိုင်းစေလျက်။

"ကျွီ"

တံခါးဖွင့်ပေးလိုက်သည်နှင့် စိတ်မောလူမောဖြစ်နေသော Jungkook၏ မျက်နှာကို တွေ့လိုက်ရသည်။

ငါတို့ရဲ့ လျှို့ဝှက်ချက်(KOOKV) Where stories live. Discover now