F**k U :

4.8K 383 12
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Unicode

" ဒီနေ့ပိတ်ရက်ဆိုတော့ လျှောက်လည်ရအောင် Oppa!"

မနက်ပိုင်းစောစောစီးစီး ရွင်လန်းတက်ကြွစွာ သူမ ဖုန်းပြောလျက်နေသည်။

" ဒီနေ့က ပိတ်ရက်လား? အတော်ဘဲ ကိုယ်ကမင်းကို လွမ်းနေတာ..."

" ဒါဆို...တွေ့နေကြနေရာကိုဘဲ လာခဲ့မယ်နော်.."

" အင်း ကိုယ်စောင့်နေမယ်..."

ဖုန်းပြော၍ပြီးပြီးချင်းပင် သူမ ရင်ခုန်စိတ်လှုပ်ရှားစွာ အဝတ်ဗီရိုအား ဖွင့်၍ ဘာဝတ်ရမလဲ စဉ်းစားနေတော့သည်။

" ဟူး...ဝတ်စရာလည်း မရှိဘူး.."

မိသားစုအဆင့်အတန်းနှင့် ဆရာဝန်တစ်ဦးဖြစ်နေသော သူမအတွက်တော့ အမြဲ အထက်တန်းဆန်ကာ သိမ်မွေ့သော အဝတ်များကိုသာ ဝတ်ဆင်ရစမြဲပင်။ သို့သော် Daniel နှင့် အပြင်ထွက်တိုင်း သူမ၏ စတိုင်နှင့် သူ၏ စတိုင်တို့မှာ ကွာခြားလွန်း၍ လူများ၏ အကြည့်များအား အမြဲ ရနေတတ်တာကြောင့် ဒီနေ့တော့ ပုံစံပြောင်းကာ သွားရန် ဆုံးဖြတ်မိသည်။

ပြဿနာမှာ သူမတွင် လူငယ်ဆန်ကာ လွတ်လပ်ပေါ့ပါးသည့် အဝတ်တစ်စုံပင်မရှိ။

" ဘယ်လိုလုပ်ရမလဲ? ပုံမှန်အတိုင်း ဒူးဖုံးစကပ်နဲ့ ရင်စေ့အကျီၤဝတ်သွားလို့လည်း မဖြစ်ဘူး..."

ရုတ်တရက် အတွေးထဲ ပေါ်လာသော အရာတစ်ခု။ အရင်တစ်ခေါက်တုန်းက Daniel နှင့် အပြင်ထွက်တုန်းကပင် မိုးက ရုတ်တရက်ရွာချ၍ မိုးရေစိုကုန်သောကြောင့် အရေးပေါ် ဝယ်လိုက်ရသော အကျီၤတစ်စုံရှိသေးသည်။

Daniel ကိုယ်တိုင် ရွေးကာ ဝယ်ပေးထားသည်မို့ ဒီနေ့ဝတ်သွားလျှင် သူဝမ်းသာနေမှာသေချာသည်။

υηℓσуαℓ νσωWhere stories live. Discover now