His Decision :

2.8K 264 56
                                    

(Zawgyi Version)
[You can find UNICODE version below!]

မနေ့ညတစ်ညလုံး အွန်းဗျော တစ်ရေးမှ အိပ်မပျော်ခဲ့။

ကလေးအား ရင်ခွင်ထဲ ပိုက်ရင်း Jungkook အား ဘယ်လို ထိန်းရမလဲသာ စဉ်းစားနေမိသည်။

မဖြစ်တော့ဘူး ဒီအတိုင်းသာ ဆက်သွားရရင် သူတို့နစ်ယောက်ဟာ ဘယ်လိုမှ Hae-in လေးအတွက် ကောင်းတဲ့ မိဘတွေဖြစ်လာနိုင်မှာမဟုတ်ဘူး။

မျက်ရည်များက မျက်ဝန်းများထဲမှ အတိုင်းမရှိ စီးဆင်းနေသလို အချိန်ဟာလည်း တစ်ဖြေးဖြေးကုန်ဆုံးလို့သွားကာ မနက် ၅ နာရီပင်ရှိနေပြီ။

အခုချိန်ထိ စောင့်မျှော်နေသည့် ခင်ပွန်းသည်၏ အရိပ်အယောင်လေးပင် မတွေ့ရသေး။

ဟူး ရူးတော့မှာဘဲ...။

ဆက်လှဲအိပ်နေလည်း အိပ်မပျော်သည့် အတူတူ အိမ်အောက်သို့ ဆင်းလာခဲ့သည်။

ရေတစ်ခွက်သောက်ရန် မီးဖိုချောင်ထဲ ဝင်လာမိတော့ ရင်းနှီးတဲ့ ကျောပြင်တစ်စုံ။

Jungkook လား? ဘယ်တုန်းက ရောက်နေခဲ့တာလဲ? အသံလည်း မကြားမိပါဘူး။

အံ့သြမှုတို့ဖြင့် တွေဝေမိနေတုန်း လူတစ်ယောက်၏ တည်ရှိမှုအား ခံစားမိ၍ဘဲလား သူ အနောက်သို့ လှည့်လာသည်။

နီရဲကာ ပင်ပန်းနေသော မျက်ဝန်းတွေကနေ ရီဝေဝေ အကြည့်တွေနဲ့အွန်းဗျောအား စိုက်ကြည့်လာသည်။

"ဘယ်-ဘယ်တုန်းက ပြန်ရောက်နေတာလဲ"

"ကိုယ်က ဘယ်ကနေ ပြန်ရောက်လာရမှာလဲ... ကိုယ် ဘယ်တုန်းကမှ ထွက်မသွားခဲ့ဖူးဘူး .....babe"

သူ့နှုတ်ခမ်းက babe ဆိုတဲ့ အသုံးအနှုန်းလေးအား ပြန်ကြားရတော့ အွန်းဗျော အနည်းငယ်တော့ စိတ်အေးမိသည်။

"ဒါပေမယ့်.... မနေ့ညက...ရှင် ထွက်သွားခဲ့တယ်လေ.."

သူ ဝမ်းနည်းစွာ ပြုံးလိုက်ပြီး လက်ထဲ၇ှိ အရက်ခွက်အား စားပွဲပေါ်ချထားလိုက်သည်။ ထို့နောက် ထိုင်နေရာမှ ထလိုက်ပြီး အွန်းဗျောထံသို့ သွားကာ ဖြေးညင်းစွာ ဖက်ထားလိုက်တော့ အွန်းဗျော တောင့်တောင့်ကြီးသာ ရပ်နေမိသည်။

υηℓσуαℓ νσωWhere stories live. Discover now