Pregnancy :

2.6K 275 26
                                    

[Unicode]

" တောင်း..တောင်း ပန်ပါတယ်။ ဒီလိုမလုပ်ကြပါနဲ့..ကျွန်မကို လွှတ်ပေးပါ..."

သူ မနေ့တနေ့ညကပင် ကလပ်တွင် ပထမဦးဆုံးရသော ဧည့်သည်တော်အား ဒူးထောက်ရင်း တောင်းပန်နေမိသည်။

သို့သော် သူ တောင်းပန်သလောက် ထိုလူကတော့ ဘာမှမဖြစ်သလိုပင်။ မျက်လုံးအကြည့်များက စူးရဲကာ ရက်စက်နေဆဲ။

" ဒီမှာကြည့်....မင်းနဲ့ ငါ့ရဲ့ ဟိုတစ်ညက ပုံတွေ..။ ငြိမ်ငြိမ်လေး ငါခိုင်းတဲ့အတိုင်း မလုပ်ရင်..နင့်ရဲ့ တစ်ဦးတည်းသော မိသားစုဆီ ဒီပုံတွေ ပို့လိုက်မယ်..."

ဟူ၍ ဒူးထောက်နေသော သူမ၏ အပေါ် ဖြန့်ကြဲလိုက်သော ဓာတ်ပုံတွေ။ ဓာတ်ပုံထဲတွင် သူနှင့် ထိုလူကြီးတို့ ဆက်ဆံခဲ့စဉ်က အချိန်များ ကွက်ကွက်ကွင်းကွင်း ထင်ရှားလျက်ရှိသည်။

" ဟင့်အင်း...မဖြစ်ဘူး...။ ကျွန်မကို လွှတ်ပေးပါ..ကျေးဇူးပြုပြီး..."

ထိုလူ စိတ်မရှည်လာတော့ပေ။ သူ၏ ဆံပင်များအား ဆောင့်ဆွဲကာ ခေါင်းမော့စေလိုက်သည်။ ထိုနောက် ထိုလူကြီး သူ့မျက်နှာနား ကပ်သွားကာ အံကြိတ်ရင်း..

" အဲ့ဒါကြောင့်...ဘာလို့ ဒီလိုကလပ်မှာ အလုပ်လုပ်ရတာလဲ..။ ဒီလို ဘဝပျက်သွားနိုင်တယ်ဆိုတာ မသိဘူးလား...?"

ဖြောင်း!!!!!

နီရဲသွားသော ပါးတစ်ဖက်။ ထို့နောက် သူ့အား ပါးရိုက်လိုက်သော ထိုလူကြီးသည် ရပ်နေကြသော တပည့်များအား အချက်ပြလိုက်တော့ တပည့်များအားလုံး လဲကျနေသော သူမအား ဝန်းရံကာ သရေမြိုနေကြသည်။

" လှုပ်လို့မရတော့တဲ့အထိ မင်းတို့ ကြိုက်သလို ညှင်းဆဲထားလိုက်..."

~~••●••~~

" ဘယ်လို?"

" ကိုယ်ဝန်က သုံးပတ်ရှိနေပါပြီ...ဂုဏ်ယူပါတယ် "

ဆရာဝန်မလေး၏ စကားအား ကြားပြီး Jungkook ၏မျက်လုံးများတောက်ပလာသည်။ နှုတ်ခမ်းများကလည်း တစ်ဖြည်းဖြည်း ပြုံး၍လာကာ အွန်းဗျောအား ပျော်ရွှင်မှုဖြင့် ရင်ခွင်ထဲ ထွေးပွေးသည်။

υηℓσуαℓ νσωDonde viven las historias. Descúbrelo ahora