My Baby's Birthday!

204 13 0
                                    

မွေး​နေ့တစ်​ခု.......

ကိုယ်​ချစ်​တဲ့ က​လေးငယ်​အတွက်​..

မကြာခင်​ကျ​ရောက်​​တော့မယ့်​​မွေး​နေ့​လေး အဲ့​နေ့က စပြီး က​လေးငယ်​က အသက်​ပြည့်​တဲ့ လူတစ်​ဦး အဖြစ်​ လူ့​လောကထဲ​လျှောက်​လှမ်းရ​တော့မယ်​။ က​လေးငယ်​ က ပါရမီရှိပြီးသားမို့ ဘယ်​လိုဒုက္ခဆင်းရဲ​တွေလာလာ ​ကျော်​ဖြတ်​နိုင်​မယ်​မို့လား။
က​လေးငယ်​ကို ဒီအရွယ်​ထိ ပြုစုပျိုး​ထောင်​​ပေးခဲ့တဲ့ က​လေးငယ်​ရဲ့ ​မေ​မေနဲ့​ဖေ​ဖေ ကိုလည်း ကိုယ်​တကယ်​ ​ကျေးဇူးတင်​မိတယ်​။ က​လေးငယ်​ရဲ့ ​မေ​​မေ နဲ့ ​ဖေ​ဖေ ကလည်း ကိုယ်​တို့​တေထက်​ အဆများစွာပိုတဲ့အချစ်​​တွေနဲ့ ချစ်​​ပေး​နေမယ်​ဆိုတာ ကိုယ်​သိ​နေတယ်​။ က​လေးငယ်​ရဲ့ မိဘ​တွေရယ်​၊ ကိုယ်​တို့​တေနဲ့ ဘယ်​​တော့မှ က​လေး တစ်​​ယောက်​ထဲလို့မ​တွေးပါနဲ့​နော်​။ ခ​လေးငယ်​ကို ချစ်​တဲ့ နိုင်​ငံတိုင်းက ချစ်​စရာမာမား​တွေရဲ့ အချစ်​​တွေက ခ​လေးငယ်​ကြုံလာသမျှ ပင်​ပန်းအားငယ်​မှု​တွေ အခက်​အခဲ​တွေအားလုံးကို ​ကျော်​လွှာ​စေဖို့ တံတိုင်းကြီးသဖွယ်​ အမြဲရှိ​နေဆဲပါ ။ Over 18 ​ရောက်​​တော့မယ့်​က​လေးငယ်​ကို တစ်​ချို့အရာ​လေး​တွေစိတ်​ပူမိတယ်​ ။

ဥပမာ- over 17 တုန်းက ကားမ​မောင်းရ​သေး​ပေမယ့်​ အခု over 18မှာ ကား​မောင်းပြီး တက္ကသိုလ်​ ကြီးကို တက်​ရ​တော့မယ်​ ။စာကြိုးစားပါလို့ မ​ပြောပါဘူး​နော်​။ က​လေးက စာကြိုးစားမယ်​ဆိုတာ သိတယ်​​လေ။ အစစ အရာရာ ဂရုစိုက်​ပါကွယ်​။
စိတ်​ပူတယ်​။ ခ​လေး မျက်​နှာ​လေး တစ်​ချက်​ညိုးတာနဲ့ ကိုယ်​တကယ်​ မ​နေတတ်​ဘူး ။  ကိုယ်​တကယ်​ဝမ်းနည်းတယ်​။  ခ​လေး ပြုံး​ပျော်​​နေရင်​ ကိုယ်​​တေပါ ပြုံး​ပျော်​​နေတာမို့ မာမား​တွေကို ချစ်​ရင်​ အမြဲ ပြုံး​ပျော်​​နေရမယ်​​နော်​ ။
ခ​လေးငယ်​ရဲ့ အပြုအမူတိုင်းက ဒီက မာမား​တွေအတွက်​ ချစ်​မဝတဲ့ အရာ​လေး​တွေမို့ ....  အမြဲပြုံး​ပျော်​​နေပါ ။
လွတ်​လပ်​စွာ ရှင်​သန်​ပါ။
မင်း အတွက်​ အမြဲရှိ​နေ​ပေးမှာပါ။

မင်း ပုံ​လေး​တွေ
မင်းရဲ့ အမူအရာ လှုပ်​ရှားမှု​လေး​တွေ ကြည့်​ပြီး
ကိုယ်​ ​ရောင့်​ရဲ ​ကျေနပ်​​နေသ​ရွှေ့
တခြား ဘာကိုမှ
လောဘမကြီး​တော့ဘူး​လေ ။

က​လေးငယ်​အား ဖြူစင်​​သော ချစ်​ခြင်းမေတ္တာဖြင့်​ .....

My adorable Boy @Perthppe Where stories live. Discover now