Take care Baby! Coming in Rain season ☔

100 10 0
                                    

အချိန်​​တွေ တဖြည်းဖြည်းကုန်​လွန်​လာခဲ့တာ  စိုစိုစွတ်​စွတ်​ မိုးရာသီကို​တောင်​​ရောက်​လာခဲ့ပြီ ။မိုးရာသီ​ ရာသီဥတုက ​အေး​နေတယ်​ က​လေး​ရေ။ စိုစိုဆွတ်​ဆွတ်​နဲ့ က​လေးအပြင်​ထွက်​ရတဲ့အခါ မျက်​နှာရှုံ့မဲ့ ​နေမလား ၊ က​လေး​လေး​​တစ်​​ယောက်​လို ​ပျော်​​နေမလား ကိုယ်​အမြဲ စဉ်းစား​တွေး​တောမိတယ်​။ မိုး​ရေထဲထွက်​ရတဲ့အခါ ဂရုစိုက်​ပါက​လေး​ရေ က​လေးဆီမှာ နှာ​စေးတာ​လေးကအစ ခြင်​ကိုက်​တာအဆုံး အဖြစ်​မခံနိုင်​ဘူး။ ခြင်​​လေး​တွေကိုလည်း က​လေးနားမကပ်​​စေနဲ့ ။ က​လေးနား ခြင်​​လေး​တွေ ကပ်​​နေတာကအစ စိတ်​ပူမိလို့။ 
ခြေဖျား​လေး​တွေ လက်​ဖျား​လေး​​တွေ ​အေးစက်​​နေမှာကအစ ကိုယ်​​တွေးပူမိတယ်​။ ​ညောင်းညာတာ​လေး​တွေ ရာသီ​ပေါ်တုပ်​​ကွေး အ​အေးမိတာ​လေး​တွေကအစ က​လေးနားမကပ်​နိုင်​​အောင်​ ကိုယ်​ဆု​တောင်း​ပေးပါ့မယ်​။
က​လေးရဲ့ event ​လေး​တွေကလည်း အပြည့်​ပဲ။
က​လေးကို ​တွေ့ရမှာ ​ပျော်​မိ​ပေမယ့်​ တစ်​ဖက်​မှာလည်း က​လေး ပင်​ပန်း​နေမှာ စိုးရိမ်​​တွေးပူ​နေမိတယ်​။
'' Kazz awards,Sexy Male,Line TV awards ''​တွေလည်း က​လေးငယ်​ပိုင်​ဆိုင်​ရပြီ။
မင်း​ပျော်​ရွှင်​​နေမှာကို ​တွေးပြီး​ပျော်​​နေမိတဲ့ ကိုယ်​ဟာ အရှုးတစ်​​​ယောက်​လိုပဲ။
က​လေး​လေးရဲ့ TigerGang  ဖြစ်​ရတာကိုလည်း ဂုဏ်​ယူမိတယ်​ ။
အချိန်​​တွေတ​ရွှေ့²ကုန်​လာ​လေ အချစ်​​တွေက တရစ်​ရစ်​တက်​​လေးပဲ။
ကိုယ့်​ဖြစ်​တည်​မှုရှိ​နေသမျှ အချိန်​​တွေအားလုံးထိ ချစ်​​နေမှာမို့် ဘယ်​လိုအတားအဆီး အခက်​အခဲ​တွေကြုံကြုံ အားတင်းထားပါက​လေးငယ်​။
မင်းရဲ့​နောက်​မှာ TigerGang  ​တွေအမြဲထာဝရတည်​ရှိ​နေမှာမို့် မင်းချစ်​တဲ့ အနုပညာ​လောကထဲ ရဲရဲဝင့်​ဝင့်​ ဆက်​လက်​​လျှောက်​လှမ်းလိုက်​ပါက​လေးငယ်​။

မင်းက ဟိုး​ကောင်းကင်​​ပေါ်က
ကြယ်​​လေး တစ်​ပွင့်​မို့
လင်းလက်​​တောက်​ပ​နေတာကို
နေ့တိုင်း ​ငေးကြည့်​ပြီး
ပျော်​ရွှင်​​နေမိတဲ့ ကိုယ်​ဟာ
မင်းမသိတဲ့နိုင်​တဲ့ ဟိုအ​ဝေးကြီးက
မင်းကိုချစ်​တဲ့ လူသားတစ်​​ယောက်။

က​လေးငယ်​အားဖြူစင်​​သောချစ်​ခြင်းဖြင့်​..

#SuPyaeAung(PTPon)
22/June/2019(SAT)

My adorable Boy @Perthppe Where stories live. Discover now