Part 3 (Z & U)

2.1K 212 15
                                    

Zawgyi

Joss ဆိုတဲ့ ကောင်လေး အလုပ်လုပ်တာ တကယ်တော်သလို သူလုပ်တဲ့ ကိတ်မုန့် ပေါင်မုန့်တွေက အရမ်းကောင်းတယ်

သူရောက်လာကတည်းက ဆိုင်က ရောင်းအားသိသိသာသာ ကောင်းလာတာတော့ အမှန်ပဲ့ order မွေးနေ့ကိတ်မုန့်တွေလည်း အမှာများလာခဲ့တယ်

Joss:  သူဋ္ဌေး ပြန်တော့မှာလား

Saint: ငါ့ကို P'saint လို့ပဲ့ ခေါ်ပါ Joss

Joss:ဟုတ်ကဲ့ P ဒီမှာ ကျွန်တော် အသစ်လုပ်ထားတဲ့ မုန့် အိမ်ရောက်ရင် P မိသားစုနဲ့ အတူစားလိုက်နော်

Koung: ငါတို့ အတွက်ကော မပါဘူးလား Joss နင်သိပ်မျက်နှာလိုက်တာပဲ့နော် Saint အတွက်ပဲ့လုပ်ပေးတယ်

Joss: မဟုတ်ပါဘူး ကျွန်တော့်ကို ဒီဆိုင်မှာ နေလည်းနေခိုင်း အလုပ်လည်းပေးတော့ ကျေးဇူးတင်လို့ပါ

Zee: ဒီဆိုင်က saint တစ်ယောက်ထဲပိုင်တာ မဟုတ်ဘူးလေ မင့်မှာ သူဋ္ဌေးသုံးယောက်ရှိတယ် သုံးယောက်လုံးအတွက်လုပ်ပေးရမှာပေါ့်

Saint: မင့်တို့ကလည်း Joss ကို လိုက်စမနေနဲ့တော့ ငါအိမ်ပြန်တော့မယ် ကျေးဇူးပါ Joss

Joss: ဟုတ်ကဲ့ P

ညနေ ထမင်းစားပြီးတော့ Mae က ကိတ်မုန့်ခွဲပြီး TV ကြည့်နေတဲ့ ကျွန်တော်တို့ကို တစ်ယောက် တစ်ပန်းကန်စီ လာထည့်ပေးတယ်

Par ကတစ်ဇွန်းစားပြီး

Par: အရမ်းကောင်းတာပဲ့ သား ဒါသားလုပ်တဲ့ မုန့်တော့ မဖြစ်နိုင်ဘူး

Perth: P က ကိတ်လုပ်တာကနည်းနည်း ဆိုင်မှာ ပြသနာရှာတာက များများပါ

Mae: သားကြီးကို အဲလို မပြောပါနဲ့ကွယ် သားကြီး အခုတလော ဆိုင်မြဲနေတယ် ဆိုင်မှာပဲ့ထိုင်တယ်

Par: ဟုတ်လား တို့ သားလေးကို ဘယ်သူကများ လိမ္မာအောင် လုပ်ပေးလိုက်တာလဲ

Mae: ဒီကိတ်မုန့် ဖုတ်တဲ့ ကောင်လေးပေါ့် သားကြီးပြောပြလိုက် Par ကို

Saint: ဒီလို par ရဲ့ သူလုပ်တဲ့ ကိတ်မုန့်တွေက အဆင့်မှီတယ် par ဟိုတစ်ခါကတောင် ချစ်သူစုံတွဲတစ်တွဲက ပဲရစ်မှာ စတွေ့ခဲ့လို့ ပဲရစ်ကိတ် လာလုပ်ခိုင်းတာ ဒီကောင်လေးက လုပ်တတ်တယ် အဲဒါနဲ့  ဒီစုံတွဲ တော်တော် သဘောကျသွားတယ်

ကျွန်တော့်ရဲ့လမင်းလေး { Completed }Where stories live. Discover now