Part 13 ( Z & U)

3K 211 26
                                    

Zawgyi

Perth pov
ကျွန်တော် Pကို သတိရလာလို့ အလုပ်ရှင်းတာနဲ့ ညစာတောင် မစားနိုင်ပဲ့ ဆိုင်ဘက်ထွက်လာလိုက်တယ်
Pရော ဒီအချိန်ဆို ထမင်းစားပြီးနေပြီလား ကျွန်တော်မရှိရင် Pထမင်းရောပုံမှန်စားဖြစ်ရဲ့လားမသိပါဘူး

အဲ့ကလေးက တော်တော်စိတ်ပူရတယ်လေ
အတွေးနဲ့ လာခဲ့လိုက်တာ အခု Pဆိုင်ရှေ့တောင် ရောက်နေပြီ

ဆိုင်ထဲ ဝင်ဖို့လုပ်တော့ ဆိုင်တံခါးက သော့ခတ်ထားတယ်
တော်သေးတယ် သော့အပိုယူလာလို့ ဆိုင်ကိုဖွင့်လိုက်ပြီး Pကိုရှာတော့မတွေ့ ဒါနဲ့ Pအခန်းဘက်ဆီသွားတော့ ကျွန်တော်မြင်လိုက်ရသော မြင်ကွင်း
ကျွန်တော် ကိုယ့်မျက်စီတောင် ကိုယ်မယုံနိုင်တော့ဘူး

ရမ္မက်ဆန်စွာနမ်းနေသော Pနဲ့ဟိုကောင်လေး ၊
ကောင်လေးရဲ့ အနမ်းတွေကို အထိုက်အလျောက် ပြန်တုံ့ပြန်နေတဲ့ P

ကျွန်တော် အံ့ကိုကြိတ် လက်သီးကိုတင်းတင်းဆုတ်ကာ မဖိတ်ခေါ်ပဲ့ကျလာသော မျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်ရင်း  P.. Pပြောတော့ ကျွန်တော့် ကိုချစ်တယ်ဆို ဒါလား Pကျွန်တော့်ကို ချစ်တယ်ဆိုတာ

ကျွန်တော် ဒေါ်သထောင်းကနဲထွက်ကာ Pကို ကျွန်တော့်အနောက် ဆွဲပို့လိုက်ပြီး အဲ့ကောင်လေးကို ခပ်ကြမ်းကြမ်းဆွဲထိုးလိုက်သည်။ တစ်ချက် နှစ်ချက် သုံးချက် ကျွန်တော် မရပ်တန်းနိုင်ခဲ့ဘူး ။ ကျွန်တော့်ကို ကျွန်တော် မထိန်းနိုင်ခဲ့ဘူး

ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတစ်ခု အရမ်းထူးဆန်းတဲ့အရာတစ်ခုက Pကျွန်တော့်လက်လေးကိုလာကိုင်ပြီး ကိုယ်ကိုဆွဲလှည့်ကာ အနမ်းတွေပေးလာပြန်တယ်

ကျွန်တော့်လို အားကောင်းမောင်းသန်တစ်ယောက်က Pရဲ့ဆွဲယူမှုကို နည်းနည်းလေးမှ မတွန်းလှန်နိုင်ခဲ့ဘူး ကျွန်တော် Pကို အရမ်းစိတ်ဆိုးနေတာတောင်မှလေ

နှုမ်းခမ်းချင်းခွာပြီး P မျက်နှာကို စိုက်ကြည့်လိုက်တော့ အရည်တွေရွန်းနေသောမျက်လုံးလေးနဲ့ ရီဝေဝေအကြည့်  Pမျက်နှာတစ်ခုလုံးလည်းနီရဲနေတာပဲ့ ခန္တာကိုယ်ကလည်း ယိုင်တီးယိုင်တိုင်နှင့်

ကျွန်တော့်ရဲ့လမင်းလေး { Completed }Where stories live. Discover now