အကျဉ်းထောင်

654 97 3
                                    

အကျဉ်းထောင်ဆိုတာကတော့ လာရောက်သူတွေကို စိတ်မသက်သာမှုတွေ အန္တရာယ်ရှိတဲ့ အရိပ်အငွေ့တွေ သယ်ဆောင်လာပေးတဲ့ နေရာတစ်ခုပါ။ မင်းက ဒီမှာထောင်ကျမယ့် လူပဲဖြစ်ဖြစ် ဧည့်လာတွေ့တာဖြစ်ဖြစ် ဒီလိုပဲ ခံစားရမှာပါ။

ပိုင်ယွီထန် နဲ့ ကျန်ကျောက်က အထူးတွေ့ဆုံခန်းမှာ ထိုင်စောင့်နေပါတယ်။ ရိုးရာဆန်ကိတ်လိုမျိုး ချည်နှောင်ထားခံရတဲ့ ဝူဟောင်ကို
အစောင့်တွေက ဟောခန်းအတွင်းသို့ ခေါ်လာခဲ့သည်။

ပထမဆုံးတစ်ခေါက် ကြည့်လိုက်တာနဲ့တင် ဝူဟောင်က အသက် ငါးဆယ်အရွယ်ရှိတဲ့ ဆင်းရဲတဲ့ taxi သမားနဲ့ မတူပါဘူး။ ပိုထူးတာကတော့ သူ့ပုံစံက စိတ်မကျန်းမာတဲ့ ပုံစံ ဟုတ်ဟန် မရှိပါဘူး။
သူ့ကို ရည်မွန်ပြီး တည်ငြိမ်တဲ့ပုံပေါက်အောင် သူတပ်ဆင်ထားတဲ့ မျက်မှန်က လုပ်ဆောင်ပေးနေပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်မယ့် ထောင်ဝတ်စုံ သာ ဝတ်မထားခဲ့ရင် သူ့ကို ဆရာတစ်ယောက် ဒါမှမဟုတ် လူတော်တစ်ယောက်လို့ ထင်မိကြမှာပါ။

သူက သက်တောင့်သက်သာပဲ အထူးတွေ့ဆုံခန်းထဲကိုဝင်လာပြီး တစ်ချက် အကဲခတ်လိုက်သည်။ ပြီးတဲ့နောက် စားပွဲရဲ့ အရှေ့မှာ ရှိနေတဲ့ ထိုင်ခုံဆီလျှောက်လာပြီး ဝင်ထိုင်လိုက်သည်။ ခေါင်းမော့လိုက်ပြီး သူ့ရှေ့မှာထိုင်နေတဲ့ ကျန်ကျောက်နဲ့ ပိုင်ယွီထန်ကို အကဲခတ်နေသည်။

သူ့ရဲ့ အကြည့်တွေက ပိုင်ယွီထန် ဆီမှာ ရပ်တန့်သွားခဲ့သည်။ ခေတ္တမျှ ငြိမ်သက်နေပြီးတဲ့နောက်မှာတော့ စိတ်ပေါ့ပေါ့ပါးပါးဖြင့် မှတ်ချက်ပေးလိုက်သည်။ " မင်းကတော်တော်ကောင်းတဲ့ ရဲဝန်ထမ်းတစ်ယောက်ပဲ "

ပိုင်ယွီထန်က ထိုလူကိုကြည့်ရင်း ခေါင်းငြိမ့်လိုက်သည်။ " ခင်ဗျားကတော့ ကားမောင်းသမား ကောင်းတစ်ယောက် မဟုတ်ဘူးပဲ "

ဝူဟောင် ခပ်ဖွဖွ ရယ်ဟလိုက်ပြီး ကျန်ကျောက်ကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ့မျက်လုံးတွေက ကျန်ကျောက် အပေါ်မှာ အချိန်အတော်ကြာတဲ့ အထိရှိနေပြီး နောက်တော့မှ အသိအမှတ်ပြုတဲ့ အနေနဲ့ ခေါင်းငြိမ့်လိုက်သည်။ " အထင်ကြီးလေးစားဖို့ ကောင်းတဲ့ အနုပညာ လက်ရာတွေ မရေအတွက်နိုင်အောင် ရှိတယ်။ ဒါပေမယ့် ငါမွေးကတည်းက အခုချိန်ထိ တွေ့ဖူးသမျှထဲမှာတော့ မင်းက ပြီးပြည့်စုံဆုံး ဖန်တီးမှုတစ်ခုပဲ "

အထူးစုံစမ်းရေးများကြားမှ ကြောင်နှင့်ကြွက်(S.C.I Mystery Myanmar Trans)Where stories live. Discover now