135 မှ လူသတ်သမား(၁)

962 47 4
                                    

ဘွဲ့လွန်တွေ နေထိုင်ရာ အဆောက်အဦမှ ထွက်လာခဲ့ကြပြီးနောက် ပိုင်ယွီထန် နဲ့ ကျန်ကျောက်က အခင်းဖြစ်ရာ နေရာကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ကြပြီး စိတ်ပညာဌာနဆီသို့ ဦးတည်လိုက်ကြသည်။

"ရှောင်ကျန်"

အနောက်မှ တစ်စုံတစ်ယောက်၏ ခေါ်သံကို ကြားလေရာ ကျန်ကျောက်သာမက ပိုင်ယွီထန်ပါ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

သူတို့ကို လှမ်းခေါ်လိုက်တော့ အသက်လေးဆယ် ဝန်းကျင်ရှိတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး မျက်မှန်တစ်လက်တပ်ကာ အဖြူရောင် ကုတ်ကို ဝတ်ဆင်ထားလေသည်။ထိုလူက ခြေလှမ်းအနည်းငယ် လျှောက်လာရင်း   သူတို့ထံ အမီလိုက်လာလေသည်။

"ဒေါက်တာ ရှု" ကျန်ကျောက်က ထိုလူဟာ တက္ကသိုလ်မှ ဆရာဝန် ရှုဒင် ဖြစ်ကြောင်း မှတ်မိသွားသည်။ အမီလိုက်လာပြီးတဲ့နောက်မှာတော့ ထိုလူဟာ ကျန်ကျောက် ဘေးမှာရှိတဲ့ ပိုင်ယွီထန်ကို အကဲခတ်လိုက်သည်။ "ဒီတစ်ယောက်လား"

ကျန်ကျောက်က ခါးခါးသီးသီးပြုံးပြလိုက်သည်။ ဒီဒေါက်တာ ရှုက စပ်စုတဲ့လူမျိုးဆိုတာ ကျန်ကျောက် သိပါသည်။ သို့ပေမယ့် အခုအချိန်မှာ ဒီလို အခြေအနေမျိုးကို ဖြေရှင်းလိုစိတ် မရှိသေးပါဘူး။ ရှုဒင်ကတော့ ကျန်ကျောက်ရဲ့ သုန်မှုန်နေတဲ့ မျက်နှာအမူအရာကို သတိမမူမိဘဲ စိတ်အားထက်သန်စွာနဲ့ စကားဆက်လေသည်။ "အခုပဲ ဒေါက်တာကျန်က အဘိုးကြီး ရှုကို ဆေးပေးခန်း ခေါ်လာတာ။ သူက တော်တော်ကို ဒေါသထွက်နေတာပဲ။ ဘုရားသခင်။ အသက်တောင် မရှူနိုင်ပဲ တစ်ကိုယ်လုံးက တုန်ခါနေတာ။ ငါတို့ အကုန်လုံး သူမခံနိုင်လောက်တော့ဘူးလို့တောင် ထင်နေတာ။"

"ပရော်ဖက်ဆာ ရှု အဆင်ပြေရဲ့လား" ကျန်ကျောက်က အဆောတလျင် မေးမြန်းလေသည်။

"သူ အဆင်ပြေပါတယ်။ဒီတောင်ကို သူ ဖြတ်ကျော်နိုင် သွားတယ်လေ။ ချွေးတွေ အတော်ပြန်နေတာ။ ငါ ဒီမှာ လုပ်လာတဲ့ အနှစ် နှစ်ဆယ်လုံး သူဒီလောက် ဒေါသထွက်တာ မမြင်ဖူးသေးဘူး"

ဒါကို ကြားသည့် ပိုင်ယွီထန်က အားရဝမ်းသာဖြင့် ကျန်ကျောက်ကို မျက်စိမှိတ်ပြသည်။ ဆိုလိုသည်က သူအသက်ရှင်နေသေးတာ တော်တော်ကံကောင်းတာပဲ ဟူ၏။

အထူးစုံစမ်းရေးများကြားမှ ကြောင်နှင့်ကြွက်(S.C.I Mystery Myanmar Trans)Where stories live. Discover now