တာ့ပေါင်းမြို့ရှိ ရွဲ့ ဂိုဏ်း။"တံခါးဖွင့်စမ်း..!!"
အထက်စီးရောက်လွန်းသော အမိန့်ပေးသံနှင့်အတူ
ပြတ်သားလှသည့် စကားလုံးတို့ကြောင့် ဂိတ်စောင့်ဂိုဏ်းသားလေးနှစ်ယောက်မှာ ဖွင့်ပေးလိုက်ကြမလားဆိုသည့်
အကြည့်မျိုးနှင့် အချင်းအချင်း
ကြည့်နေမိကျသည်။"တံခါးဖွင့်စမ်း ...!!!"
ထပ်မံအမိန့်ပေးလာသည့်အသံမှာ ပထမအမိန့်သံထက်ပင်
ပိုမိုကျယ်လှောင်၍မာကျောခက်ထန်နေသည်။ဂိုဏ်းသားလေးနစ်ယောက်မှာလည်း မူမမှန်သောအခြေနေကြောင့် ရင်ထိတ်စွာနှင့်ပင်အနှီကြောက်စရာဧည့်သည်တော်တွေအားမေးခွန်းထုတ်ရတော့သည်။
" ဒီက ဧည့်သည်တော်တို့က
ဘယ်သူတွေများလဲ သိခွင့်ရှိမလား
ဂိုဏ်းချုပ်ကိုအကြောင်းကြားပေးပ့မယ်"ယဉ်ကျေးစွာပြောလိုက်ခြင်းပေမယ့်
ထိုလူမှာ ဒေါသထွက်သွားဟန်တူကာ လက်ရွယ်လိုက်တာကြောင့်
ဂိုဏ်းသားတို့မှာလည်း
ဓားကိုင်ပြီးသားဖြစ်သွားရသည်။အခြေနေက ရုတ်ရင်းခက်ဆန်ဖြစ်မည့်စဲစဲတွင်ပင် ထိုလူ၏ ပုခုံးပေါ်တင်လာသောလက်ကြောင့်
လူပ်ရှားမည်အပြုမှာ တင်ရပ်တန့်သွားလေသည်။
ဂိုဏ်းသားနှစ်ယောက်မှာလည်း အခြေအနေကိုအကဲခက်ကာ အသင့်အနေထားဖြင့်...။ထိုလက်တင်လာသူမှာ ကျန်လက်တစ်ဖက်ကိုနောက်တွင်ပြစ်ထားပြီး
ငုံထားသောခေါင်းကိုဖြည်းဖြည်းချင်းမော့ကာ"မင်းတို့ရဲ့ ဂိုဏ်းချုပ်ကို
ဧကရာဇ်ကြွလာတယ်လို့ အကြောင်းကြားလိုက်"ကြားလိုက်ရသောအသံမှာ မကြမ်းတမ်းသလိုနူးညံ့၍လည်းမနေပေ။
သို့သေည်ကျက်သီးမွေးညှင်းတော့ထစေသည်။ဧကရာဇ်ဟူသော ဝေါဟာရကြောင့်လည်းပဲ
ဂိုဏ်းသားလေးများမှာ မျက်လုံးပြူးကုန်ကျရင်း ထိုလူအားအကဲခက်ကြည့်ရာ....ထူထဲနက်မှောင်သောမျက်ခုံးတို့က မျက်နှာတစ်ခုလုံးအသက်ဝင်အောင် သေသပ်စွာဖြန့်ကျက်ထားလျက်။
ကြွေသားဖြူလို အဖြူရောင်တောက်တောက်မျက်သားတိုထဲ
မဟူရာရောင်တောက်နေသည့် မျက်စံတို့နှင့်
ပနံသင့်စွာ ကြည်လင်စူးရှနေသည်။
နှာတံစင်းစင်း၏အောက်တွင်လည်း
လှပစွာဘောင်ခက်ထားသည့် သွေးနီရောင်နှတ်ခမ်းတို့နှင့်
ရွှေရောင်တမျှဝင်းဝါနေသည့် 
အသားရည်တို့က သာမာန်မဟုတ်မှန်းသိသာစေသည်။
YOU ARE READING
ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )
Fantasyကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉 ### ကိုယ်ရေးနေတဲ့ fic ထဲ ကိုယ်တိုင်ပြန်ရောက်သွားတဲ့ Author တစ်ယောက်ကြောင်း😉