part 31

46.2K 3.4K 100
                                    


ပိုင်လော့ကျင်း အဆောင်တော်ပြန်ရောက်တော့ ညဥ့်နက်ပိုင်းပင်ရှိနေလေပြီ
ရူပ်ထွေးနေတဲ့အခြေနေတွေကြောင့် စိတ်အတော်ပင်းပန်းနေပေမယ့် ကုတင်ပေါ်မှာကွေးကွေးလေးအိပ်ပျော်နေတဲ့ရှောင်ကျိကြောင့် မျက်နှာကအလိုလိုပြုံးရောင်သမ်းလာရသည်

ပိုင်းလော့ကျင်း ကုတင်ပေါ်ထိုင်လိုက်ကာ
ရှောင်ကျိနဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကို ညင်သာစွာသပ်တင်ပေးရင်း အနမ်းဖွဖွလေးခြွေလိုက်သည်
ရှောင်ကျိကတော့ လောကကြီးမေ့ကာ အိပ်မောကျနေလေသည်

ပိုင်းလော့ကျင်း ရှောင်ကျိကိုသေချာကြည့်နေရင်း
မျက်ခွံတွေကာရံထားတဲ့ မျက်ဝန်းတောက်တောက်လေးကိုလွမ်းလာသည်ဟုတောင်ထင်နေမိသည်
နှာသီးသေးသေးကို ညစ်လိုက်တော့
မျက်မှောင်လေးကျုံ့ ပြီး တစ်ဖက်လှည့်သွားတော့
ပိုင်းလော့ကျင်း သွားတွေပေါ်လာအောင်ပြုံးမိရင်း
ရှောင်ကျိကိုယ်လေးကိုသိမ်းဖက်ကာ အိပ်စက်ချင်းစီသို့ အလည်သွားလိုက်တော့သည်.........
.
.
.
.
.
.
..........................................................

"ကိုယ်လုပ်တော်ချန် ကိုယ်လုပ်တော်ချန်
ထပါဦးဆေးသောက်ရအောင်"

အားလော့ ဆေးပန်းကန်ထည့်ယူလာသည့် ဗန်းငယ်လေးကို ချရင်းနိုးနေပေမယ့် ကိုယ်လုပ်တော်ချန်ကမူ တုပ်တုပ်မလူပ်
အားလော့ ကိုယ်လုပ်တော်ချန် နားနားလေးကပ်ကာ
အသံမြင့်လိုက်ပြီး

"ကိုယ် လုပ် တော် ချန်......!!!"

အားလော့အသံတော်တော်ကျယ်သွား၍ထင်
ကိုယ်လုပ်တော်ချန် နိုးယုံတင်မဟုတ် ထပင်ထိုင်ပြီးသားဖြစ်သွားသည်

"ဘာ ဘာဖြစ်လို့လဲအားလော့"

မျက်လုံးပြုး မျက်ဆန်ပြူးလေးနှင့် အလန့်တကြားမေးနေသည့် ကိုယ်လုပ်တော်ချန်ကိုကြည့်ပြီး အားလော့မရယ်ပဲမနေနိုင်ပြီတည့်

"ခွီး...ဘာမှမဖြစ်ပါဘူး ကိုယ်လုပ်တော်ချန်ရယ်
ဆေးသောက်ရအောင်နိုးတာပါ"

အားလော့စကားကြောင့် ရှောင်ကျိနုတ်ခမ်းက ရှေ့တစ်တောင်လောက်ဆူထွက်လာပြီး

"ဘာမှန်းမသိဘူး သူများအိပ်နေတာကို"

ရှောင်ကျိ ပြောရင်း ပြန်အိပ်ရန်ပြင်နေတော့
အားလော့အမြန်ပင်တားရတော့သည်

ကြၽန္ေတာ္ကိုယ္တိုင္ဖန္ဆင္းခဲ့သည့္၊ကျွန်တော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်(Completed )Where stories live. Discover now