Part-2

1.4K 40 2
                                    

ပိုင်ရတုမောင် မျက်လုံးတွေကိုမှိတ်လိုက်ကာ သူမြင်နေရတဲ့ လူတစ်ယောက်ရဲ့ပုံရိပ်ကိုကြိုးစားဖျောက်ဖျက်လိုက်သည်
ထို့နောက် အသက်ကိုခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ကိုယ်သူလျော့ချကာ လက်ရှိအချိန်ကိုဘဲ အာရုံစိုက်ထားလိုက်သည်....

'အကိုက နှင်းဆီပန်းတွေကိုအတော်လေး သဘောကျတယ်ထင်တယ်နော်..'

ပိုင်ရတုမောင် ၏သြရှရှ အသံနှင့်အတူ အနောက်သို့လှည့်ကြည့်လာသော လူတစ်ယောက်......

ပိုင်ရတုမောင် ချက်ချင်းပင် ထိုနေရာ၌ကြက်ေ သေသွားမိသည်

ဘာကြောင့်လဲ??? ဘာကြောင့် ဒီပုံရိပ်တွေကို သူမဖျောက်ဖျက်နိုင်သေးတာလဲ...ဘာကြောင့် သူ့မျက်လုံးတွေက ဒီလူရဲ့ပုံကိုဘဲ ခဏခဏ မြင်နေရတာလဲ..သူကြည့်မိတဲ့နေရာတိုင်းမှာ ဒီလူရဲ့ပုံရိပ်တွေနဲ့ဘဲ ပြည့်နှက်နေတယ်...သူတကယ်ကိုရူးချင်လာပြီ...သူ့ကိုယ်သူလည်း ဘယ်လိုမှနားမလည်နိုင်တော့ဘူး....

'ညီ.... အဆင်ပြေရဲ့လား...'

ဒီအသံ...ဟုတ်တယ်.. ဒီအသံဘဲ
သူ့ကိုညတိုင်း အိပ်ရေးပျက်စေခဲ့တဲ့ ဒီအသံ
သူ အမြဲတမ်းကြားချင်နေတဲ့ ဒီအသံ...
သွားပြီ...ကျွန်တော်တော့ တကယ်ရူးသွားပြီထင်ပါတယ်ဗျာ...

နေမင်းမဟာ သူ့ကို ပြူးတိပြူးကြောင်နဲ့ရပ်ကြည့်နေတဲ့ ကောင်လေး
ကြောင့် သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်သည်..သူ့ပုံစံကတနေရာရာမှာများမှားယွင်းနေလို့လားပေါ့...ထိုကောင်လေးကတော့မေးတော့လည်းမဖြေ လူကိုဒီအတိုင်းကြီးမှင်သေသေနဲ့သာကြည့်နေသည်...
ကောင်လေးကြည့်ရတာ တစ်ခုခုချို့ယွင်းနေတဲ့ပုံလည်း မပေါ်ပါဘူး ဘာဖြစ်နေတာပါလိမ့် ဟု သူစဉ်းစားနေမိသည်

'ဟိတ်...ဟိတ်! !!ညီ ဘာဖြစ်လို့လဲ တစ်ခုခုအဆင်မပြေလို့လား'

ဒီကောင်လေးသည် ဘယ်အချိန်မှ သူ့ကိုဒီလိုကြည့်နေတာ ရပ်မှာလဲ
နေမင်းမဟာ စိတ်မရှည်တော့တာနဲ ထိုကောင်လေးရှေ့နားသွားကာ ကောင်လေးရဲ့ပခုံးကိုလှုပ်ပြီး ထပ်မေးလိုက်သည်
ထိုအချိန်တွင်သူ့ရှေ့၌ရပ်နေသည့် ကော်ဖီရောင် ဆံပင်ပိုင်ရှင်ကောင်လေး၏အေးစက်စက် လက်တစ်စုံက ရုတ်တရက်ကြီး သူ့လက်ခုံပေါ်အုပ်ကိုင်လာတဲ့အတွက် နေမင်းမဟာ ၏ ခန္ဓာကိုယ်သည်အကြောင်းအရင်းမဲ့စွာဖြင့် တောင့်ခနဲဖြစ်သွားရသည်...

"သူ" သာလျှင်.....💘Where stories live. Discover now